65. Tender Flesh

1.8K 301 3
                                    

Please scroll down for Zawgyi

အပိုင်း ၆၅။ နူးညံ့တဲ့အသားအရည်

အရပ်ရှည်ရှည်သွယ်သွယ်ဘုရင်ကြီးက ဖုန့်ရှီရဲ့ ခပ်ဆိုးဆိုးလှုပ်ရှားမှုကို အာရုံမထားဘဲ ငြိမ်ငြိမ်သက်သက် ရပ်နေတယ်။

"အခုဆင်း၊ မဟုတ်ရင် ကိုယ်တော် မင်းကို မသင်ပေးနိုင်ဘူး" ဘုရင်ကြီးရဲ့ အသံနေအသားထားက တင်းမာသယောင်ပေမဲ့ ဖုန့်ရှီ ပြုတ်ကျမှာစိုးလို့ ခါးလေးကို ထိန်းကိုင်ထားတဲ့ သူ့လှုပ်ရှားမှုကတော့ အတော်ညင်သာနေတယ်။

ဖုန့်ရှီက ရှက်ဝဲဝဲနဲ့ ချက်ချင်းပဲ ဘုရင်ကြီးကိုယ်ပေါ်ကနေ လျောဆင်းသွားပြီး ဘုရင်ကြီးရှေ့ မတ်မတ်ရပ်လိုက်တယ်။

"ကာရံလက်သီးကိုးချက်က အနီးကပ်တိုက်ပွဲတွေအတွက် အသုံးပြုတဲ့ သိမ်မွေ့နက်နဲပညာရပ်တစ်ခု ဖြစ်တယ်။ အဲ့တာက အရှိန်ရယ်၊ ခွန်အားရယ် လိုအပ်တယ်။ မင်းရဲ့ အရှိန်နှုန်း မြန်လေလေ၊ အနိုင်ရနိုင်ချေ ပိုများလေလေပဲ။ တဆက်တည်းမှာပဲ အဆင်မပြတ် လေ့ကျင့်ခြင်းကနေသာ မင်းရဲ့ ခွန်အားကို တိုးအောင် လုပ်လို့ရတယ်။ မင်းရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်လေလေ ဒီသိမ်မွေ့နက်နဲပညာရပ်ကို ပိုမြန်မြန် ပိုင်နိုင်ကျွမ်းကျင်လေလေပဲ။ ကာရံလက်သီးကိုးချက်ကို လေ့လာဖို့အတွက် လိုအပ်ချက်တွေက များပြားပြီး ရှုပ်ထွေးပေမဲ့ ဒီပညာရပ်က တကယ်တော့ သာမာန် အလယ်အလတ်အဆင့် သိမ်မွေ့နက်နဲပညာရပ်တွေထက် ပိုအစွမ်းထက်တယ်။"

ဖုန့်ရှီက ဘုရင်ကြီးသူ့ကို ခပ်ဖြေးဖြေးပြောနေတာကို နားထောင်ရင်း သူကြားလိုက်ရတဲ့ စကားလုံးတိုင်း စကားလုံးတိုင်းက သူ့ဦးဏှောက်ထဲ ထွင်းထုခံရပြီး ဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူးလို့ သူခံစားလိုက်ရတယ်။

"တကယ်?" ဖုန့်ရှီက မေးလိုက်တယ်။

"ကာရံလက်သီးကိုးချက်ရဲ့ အထင်ကြီးစရာအကောင်းဆုံးအပိုင်းက ပစ်သွင်းလိုက်တဲ့လက်သီးချက်တစ်ချက်ချင်းစီမှာ တကယ်တော့ နောက်ကွယ်က ပံ့ပို့နေတဲ့ လျို့ဝှက်တွန်းအားတွေ ရှိတယ်။ လျို့ဝှက်တွန်းအားက မင်းတိုက်ခိုက်ဖျက်ဆီးလိုက်တာတွေ အပေါ်ကို နှစ်ဆပိုသက်ရောက်စေပြီး လျပ်တပြတ်တိုက်ချက်နဲ့ မင်းရဲ့ ပြိုင်ဖက်ကို အနိုင်ယူနိုင်တယ်။ ဒါပေမဲ့ အဲ့ဒီ့လျို့ဝှက်တွန်းအားကို လေ့ကျင့်ဖို့ မင်းအတွက် သိပ်မလွယ်ကူသေးဘူး။ မင်းရဲ့ အရှိန်နှုန်းက မင်းခွန်အားနဲ့ သဟဇာတဖြစ်နေဖို့ လိုတယ်။ ပိုထူးခြားတာက ဒီပညာရပ်ကို မင်းဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်မလဲဆိုတာက မင်းစွမ်းအားပေါက်ကွဲမှုနှုန်း ဘယ်လောက်မြန်မြန် ထုတ်နိုင်မလဲဆိုတာအပေါ် မူတည်နေတယ်။" ဘုရင်ကြီးက တပြေးညီ အတက်အကျမရှိတဲ့လေသံနဲ့ ပြောလိုက်ပေမဲ့ ကာရံလက်သီးကိုးချက်က အသုံးပြုနိုင်ဖို့ မလွယ်ကူဖူးဆိုတဲ့အချက်ကိုတော့ သူ ပြောတဲ့အထဲမှာ ရှင်းရှင်းလင်းလင်း ပါပြီးဖြစ်တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now