27. God of Books

2.4K 398 3
                                    

အပိုင်း ၂၇။ စာအုပ်နတ်ဘုရား

စာကြည့်တိုက်မှာ အထပ်ပေါင်း ၄၉ထပ် ရှိပြီး တစ်ထပ်စီတိုင်းမှာ စာအုပ်ပေါင်း သန်းချီ ရှိတယ်။ အဲ့အရေအတွက်ဟာ အံအားသင့်ဖွယ်ပါပဲ။

ဒါပေမဲ့ စာကြည့်တိုက်ရဲ့ အထပ်တွေက အပေါ်တက်ရမယ့်အစား အောက်ဆင်းသွားတာဖြစ်တယ်။ အောက်ဆုံးထပ်မှာ ထားတဲ့ စာအုပ်တွေက တန်ဖိုး အကြီးဆုံး ဖြစ်တယ်။ ဥပမာ အထပ် ၄၉လွှာမှာက အဆင့်မြင့် မိစ္ဆာသားရဲတွေ ပျောက်ကွယ်သွားရခြင်း လျို့ဝှက်ချက် တို့လို ဘုံ ၃ဘုံရဲ့ အထူးခြားဆုံး မတော်တဆမှုတွေကို မှတ်တမ်းတင်ထားတာဖြစ်တယ်။

လူအများစုက အဲ့လို လျို့ဝှက်ချက်တွေအားလုံးကို သိလိုစိတ် ပြင်းကြတယ်၊ အချို့က နန်းတော်ထဲကို ဖောက်တောင် ဖောက်ဝင်ခဲ့ဖူးတယ်။​ ဒါပေမဲ့ အဲ့လူတွေအားလုံး လောကကြီးကနေ ပျောက်ကွယ်သွားရတယ်၊ ဒါမှမဟုတ် ငရဲမင်းကြီးကိုယ်တိုင် သူတို့ကို တစ္ဆေလောကကို လွှင့်ပစ်လိုက်ပြီး သူတို့ရဲ့ ဝိညာဉ်တွေ အဲ့မှာ ရက်စက်စွာ အပြစ်ပေးခံကြရတယ်။ ရလဒ် ၂ခုစလုံးကနေ လူတွေအားလုံးကို ပြောလိုက်တာကတော့ ဘုရင်ကြီးကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက် မရှိဘူးဆိုရင် နန်းတော်အတွင်းကို ဖောက်ဝင်ဖို့ မကြိုးစားတာ အကောင်းဆုံးပဲ ဆိုတာပါပဲ။

ဒါပေမဲ့ လူတွေ သိပ်မသိကြတာ တစ်ခုက အထပ်ပေါင်း ၄၉ထပ်ရှိတဲ့ စာကြည့်တိုက်ဟာ တကယ်တော့ ငရဲမင်းကြီးရဲ့ ဆန္ဒပင်လယ်လိုပဲ ရွေ့လျားနေတယ် ဆိုတာပါ။

ပိုတာတစ်ခုက ဘုရင်ကြီးကိုယ်တိုင် ဖန်တီးထားတဲ့ နေရာကူးပြောင်းဂိတ်ကနေပဲ တစ်ထပ်ချင်းစီကို ဝင်နိုင်တာဖြစ်တယ်။ အဲ့ဒါကြောင့် အဲ့ဒီ့ ဂိတ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးချင်သူတွေဟာ နှစ်ကြိမ် ပြန်စဉ်းစားဖို့တော့ လိုလိမ့်မယ်။

"မင်း တစ်ခုလောက် လုပ်ရုံနဲ့ မင်းရဲ့ ကျင့်ကြံအားကို အောင်မြင်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ မင်း ကျင့်ကြံရေး အခြေခံဗဟုသုတတွေကို အရင်ဆုံး လေ့လာဖို့လိုတယ်။ ဒီမှာ မင်းဖတ်ဖို့ စာအုပ်အချို့။ တကယ်လို့ မင်း ဖတ်လို့ နားမလည်တာရှိရင် ကိုယ့်တော့ကို လာမေးနိုင်တယ်။ သဘောပေါက်လား?" ဘုရင်ကြီးရဲ့ နူးညံ့ပြီး သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံက စာကြည့်တိုက်အတွင်း ပျံ့သွားတယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now