အပိုင်း ၁၆၈။ လုပ်သာလုပ်လိုက်ပါ
ဖုန့်ရှီ ပြန်သာ မေးလိုက်တော့သည်၊ "ကျွန်တော် ပြောခဲ့လို့လား?"
အဲ့နောက် ငရဲမင်းကြီးက သူ့ကို ပုခုံးထက် ပင့်တင် သယ်လိုက်ကာ တစ်လုံးမှ ပြန်မပြောတော့ဘဲ ပြန်ခေါ်သွားတော့၏။
ကျောက်စိမ်းပြာမိသားစုအိမ်တော်ထိန်းက သူတို့အတွက် အထူး VIP အခန်းနှစ်ခန်း ပြင်ပေးထားပေမဲ့ သူတို့ တစ်ခန်းကိုသာ သုံးသည်။
VIP အခန်းနှင့် သာမာန်ဧည့်သည်အခန်းတို့ကြား ခြားနားချက် ကြီးမားလှသည်။ အကြီးဆုံး ကွာခြားချက်ကတော့ VIP အခန်းထဲက အိပ်ယာက ဖုန့်ရှီ လူးလှိမ့်အိပ်လျင်တောင် ပြုတ်ကျဖို့ စိုးရိမ်စရာမလိုလောက်အောင်အထိ အလွန့်အလွန် ကြီးလှသည့်အတွက် ငရဲမင်းကြီးနှင့် ဖုန့်ရှီတို့က VIP အခန်းထဲက အိပ်ယာကို ကျေနပ်မှုအရှိဆုံးဖြစ်သည်။
"ဘန်း!"
အိပ်ယာပေါ် ပစ်အချခံလိုက်ရတဲ့ဖုန့်ရှီ ချက်ချင်းပဲ မူးဝေသွားလေ၏။ သူက ပုခုံးထက် အသယ်ခံလာရတာဖြစ်သည့်အတွက် အနည်းငယ်မူးတူးတူးဖြစ်နေခဲ့တာဖြစ်သည်။ တခဏတော့ သူ မထနိုင်ဖြစ်သွားရ၏။ "ကျွန်တော် ကြယ်တွေအများကြီး မြင်လိုက်သလိုပဲ?"
ငရဲမင်းကြီးက သူ့ကို ထူမလိုက်ပြီး ဖုန့်ရှီနဖူးကို သူ့ရဲ့နဖူးနှင့် ဖိထားလိုက်ကာ၊ "ရှုံးသွားခဲ့ရင် အရှုံးကို လက်ခံပါ့မယ်၊ ကတိတည်ပါ့မယ်လို့ ပြောခဲ့တာ ဘယ်သူလဲ?"
"ဘယ်သူပြောခဲ့တာလဲ?" အံ့အားသင့်သွားတဲ့ဖုန့်ရှီက ငရဲမင်းကြီး ဘာပြောချင်သလဲ နားမလည် ဖြစ်သွားရကာ လိုက်ပြောလိုက်၏။
"မင်းလေ" ငရဲမင်းကြီးက သူ့ကို အားနှင့် ဖိချလိုက်ကာ သူ့လက်နှစ်ဖက်ကို ဖုန့်ရှီဘေးပတ်လည်က ကြီးမားတဲ့အိပ်ယာထက် ထောက်လိုက်သည်။ သူ့ရဲ့ နှစ်လိုဖွယ်ကောင်းပြီး အနည်းငယ် အန္တရာယ်ရှိတဲ့ နှုတ်ခမ်းထောင့်စွန်းတို့ကို မဆိုစလောက်လေး ပင့်ကော့လိုက်၏။
ဖုန့်ရှီ သူ့နှလုံးခုန်နှုန်းတစ်ချက် လွတ်သွားတာကို ခံစားမိလိုက်ရသည်။ သူက ငရဲမင်းကြီးကို ကြည့်ပြီး တစ်ခွန်းမှ မပြောနိုင်တော့ချေ။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Viễn tưởngစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...