အပိုင်း ၁၄။ ကြက်နှင့်စာချုပ်ချုပ်ဆိုခြင်း
အဆင့်မြင့်မိစ္ဆာသားရဲများအား ဘုံ ၃ဘုံတွင် အလွန်ကို တွေ့ရခဲသည်။
ငရဲနန်းတော်တွင်တော့ ဥမှ မပေါက်သေးသည့် အဆင့်မြင့်မိစ္ဆာသားရဲဥ ၁၀ဥ ရှိပါသည်။
မိစ္ဆာသားရဲတွေကို ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးထားခြင်းသည် အရွယ်ရောက်အဆင့်မြင့်မိစ္ဆာသားရဲကို ဖမ်းတာထက် ပိုကောင်းသည်။ ပထမအချက်က မိစ္ဆာသားရဲအကောင်ပေါက်လေးတွေသည် အကောင်ကြီးတွေထက်ပိုပြီး သူတို့၏သခင်အပေါ် အလုံးစုံ ပေးအပ်မြှုပ်နှံ ပုံအပ်ဖို့ရန် ပိုလွယ်ကူသည်။ ပြီးတော့ မိစ္ဆာသားရဲကို ပြုစုစောင့်ရှောက် မြေတောင်မြှောက်ပေးသည့် သခင်တွေက မိစ္ဆာသားရဲ၏ စိတ်ဝိညာဉ်ဝါးမြိုခြင်းခံရမည်ကို စိုးရိမ်စရာမလိုပေ။ ပိုအရေးကြီးတာက ငယ်စဉ်ဘဝကတည်းက လေ့ကျင့်သင်ကြားပေးခြင်းခံရသည့် သားရဲတွေက သူတို့၏သခင်အပေါ် အလွန် သစ္စာစောင့်သိကြသည်။
ထို့ကြောင့် လူအများစုက အရွယ်ရောက်ပြီးသား အဆင့်မြင့်မိစ္ဆာသားရဲအား ပိုင်ဆိုင်ခြင်းထက် ဥကတောင် မပေါက်သေးသော မိစ္ဆာသားရဲဥ ပိုင်ဆိုင်ရတာကို ပိုလိုလားကြပါသည်။ တွေ့ကြုံခံစားဖူးသူတွေသာ ထိုကွဲပြားခြားနားချက်ကို ပိုသတိပြုမိကြသည်။
ကောင်လေးကတော့ အဲ့တာကို မသိသည့်အတွက် ကြက်ပျံကို သာမာန်ကြက်အဖြစ်ပဲ မှတ်ယူနေတာဖြစ်သည်။
လူ့ဘုံကလသော ဝိညာဉ်တစ်ယောက်အနေနှင့် သူ့တွင် ဗဟုသုတနှင့် အတွေ့အကြုံ အလွန်နည်းပါးသည်။
အကြွင်းမဲ့အာဏာရှိသော ငရဲမင်းကြီးက သူ့ကို ဆန္ဒပင်လယ်မှ ခေါ်ဆောင်လာပြီးနောက် ကောင်းကင်ထွတ်ထိပ်မျှော်စင်သို့ တန်းတန်းမတ်မတ်ပဲ သူရောက်ခဲ့တာဖြစ်သည်။
အပလောက၏မီးဇာမဏီမရောက်ခင် နာရီဝက်အလိုကမှ ထိုဖြစ်ရပ် ဖြစ်ပွါးခဲ့တာဖြစ်သည်။ ထို့ကြောင့် ကြက်ပျံ၏ မွေးဖွားလာခြင်းက တိုက်ဆိုင်မှုတစ်ခုသာဖြစ်၏။ အဲ့လိုဖြစ်လာမယ်လို့ မျှော်လင့်မထားခဲ့သည့်ကောင်လေးက သူ့ဝမ်းဆာ ဖြည့်ဖို့အတွက် ချက်ချင်းပဲ ကြက်ကိုကင်ချင်နေတာဖြစ်သည်။ အကြောင်းကတော့...
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasiaစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...