100. The Accident

1.8K 261 12
                                    

အပိုင်း ၁၀၀။ မတော်တဆမှု

ဆူးလားမိသားစုက အနာယူညမြို့တော်ရဲ့ အရှေ့မြောက်အရပ်မှာ နေထိုင်ကြပြီး ကောင်းကင်ထွတ်ထိပ်နန်းတော်ကနေဆိုရင် တော်တော် ဝေး၏။

အရင်က ကာလွမ်သလာက နေရာကူးပြောင်းစက်ဝိုင်းသုံးပြီး လာခဲ့တာဖြစ်သည်၊ အဲ့လိုမှမဟုတ်ရင် လမ်းလျောက်ပြီးသာ လာရမယ်ဆို နှစ်လလောက် ကြာမှာဖြစ်သည်။ ပျံသန်းတတ်တဲ့ မိစ္ဆာသားရဲတွေမျိုး ယူလာဖို့ဆိုတာကလည်း အဲ့လိုသားရဲမျိုးတွေက ငရဲပြည်မှာ အရမ်းကို ရှားပါးတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် မဖြစ်နိုင်။

အဲ့တာကြောင့် ကျင့်ကြံသူတွေ ဒီကို ပျံသန်းတတ်တဲ့ မိစ္ဆာသားရဲတွေပေါ် စီးနင်းလာခွင့်ပြုထားပေမဲ့ အဲ့လိုလုပ်တဲ့သူ မရှိသလောက်ကို ရှားသည်။ အဲ့နောက်မှာတော့ စည်းမျဉ်းတွေ ဖျက်သိမ်းခံလိုက်ရကာ အခုတော့ ခရီးသွားလာရာမှာ လူတိုင်းနီးပါးက နေရာကူးပြောင်းရေး စက်ဝိုင်းကိုသာ အသုံးပြုကြတော့သည်။

တခြားသူတွေ လိုချင်နေကြတဲ့ ပစ္စည်းကို ကာလွမ်သလာရရှိပြီးနောက် သူ့မိသားစုနဲ့ သတင်းကောင်း ဝေမျှချင်တာကြောင့် သူ ကောင်းကင်ထွတ်ထိပ်နန်းတော်ကနေ အမြန် ထွက်ခွါသွားတော့သည်။ ပထမတော့ သူ နေရာကူးပြောင်းရေးစက်ဝိုင်းအသုံးပြုခအနေနဲ့ သလင်းအချို့ကို ပေးချေဖို့ ရည်စူးထားခဲ့ပေမဲ့ သူနဲ့ ခရီးတူတူသွားချင်ပါတယ်ဆိုပြီး အတင်းတွယ်ကပ်လိုက်ပါလာတဲ့ ကောင်လေးက သူ့အတွက်ပါ ကျခံပေးချေပေးလာ၏။ ကာလွမ်သလာနဲ့ ဖုန့်ရှီတို့က ဆူးလားမိသားစုနေထိုင်ရာနဲ့နီးတဲ့ မြို့ငယ်လေးတစ်မြို့ဆီကို ကောင်းကင်ထွတ်ထိပ်နန်းတော်မှာ ဘုရင်ကြီးစီစဉ်ပေးတဲ့  နေရာကူးပြောင်းစက်ဝိုင်းကနေတဆင့် နေရာကူးပြောင်းကြတာဖြစ်သည်။

မြို့ငယ်လေးရဲ့ လမ်းတွေက အတော့ကို စည်ကားလှသည်။ လူတွေက အဲ့လမ်းတွေမှာ တဖွဲဖွဲ လျောက်လာနေကြကာ ရထားတွဲတွေကိုလည်း အချိန်တိုင်းလိုလို မြင်နိုင်ပါသည်။

လည်ပတ်ခဲလှတဲ့ ဝေးလံခေါင်သီတဲ့ လမ်းကြားတစ်ခုမှာ လေပွေတစ်ချက် ရုတ်တရက် မွေ့ယမ်းသွားသည်။ နောက်တစ်စက္ကန့်အကြာမှာတော့ ကာလွမ်သလာနဲ့ အမိအရ လိုက်ပါလာတဲ့ ဖုန့်ရှီတို့ ပုံရိပ်နှစ်ခု ပေါ်လာတော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now