အပိုင်း ၃၅။ ကောင်းကင်လမ်းမှ အပြစ်ပေးခြင်း
ဖုန့်ရှီ သူတကယ်ပဲ ငတုံးတစ်ကောင်လို ဖြစ်နေသလားဆိုတာ သိချင်စ ပြုလာတယ်။
ပထမဆုံးအကြိမ် သူ အပြင်ထွက်တုန်းက သုန်းဖန်းလင်အာလို့ ခေါ်တဲ့ မိန်းခလေးတစ်ယောက်ရဲ့ အရိုက်ခံခဲ့ရပြီး လူတိုင်းရဲ့ အထင်သေး အမြင်သေးကိုလည်း ခံခဲ့ရတယ်။ ဒုတိယအကြိမ် ထွက်လာတော့ သူတွေ့ရတဲ့ လူတွေက ပိုပြီးတောင် တဲ့တိုးဆန်လာကြတယ်။ သူ့ကို ကြည့်တောင် မကြည့်တော့ဘဲ လမ်းဖယ်ခိုင်းနေတယ်။ သူတို့အားလုံးက အလွန် ရည်မွန်ပြီး ဂုဏ်သိက္ခာရှိတဲ့ပုံ ပေါ်ကြပေမဲ့ သူတို့ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေက ရုန့်ရင်းကြမ်းတမ်းကြတယ်။
ဖုန့်ရှီ အတော်ကို စိတ်ဓါတ်ကျသွားပြီး၊ အော်သာ ပြောလိုက်ချင်တော့တယ်။ "ငါ ငတုံးတစ်ကောင်နဲ့ မတူဘူး! ငါက ကြည့်ကောင်းတဲ့သူ၊ ဟုတ်ပြီလား? မင်းတို့မှာ အမြင် လုံးဝမရှိကြဘူးပဲ။ ကောင်းပြီလေ၊ ငါ့မှာ ရွက်ကြမ်းရေကြို မျက်နှာပဲ ရှိတယ်ဆိုရင်တောင်မှ ငါ အခု ဝတ်ထားတဲ့ အဝတ်အစားတွေက ငါ့ခေါင်းဆောင်က ပေးထားတာ! ငါ့ခေါင်းဆောင်လို အင်အားအကြီးဆုံးသူ တစ်ယောက်အနေနဲ့ ငါ့ကို အနုတ်စုတ် ဂုတ်စုတ် ဆင်ပါ့မလား!"
ဖုန့်ရှီ စိတ်ဆိုးသွားတယ်၊ ပြီးတော့ စိုးရိမ်သွားရော၊ ပြီးလည်းပြီးရော မခံမရပ်နိုင် ဖြစ်ရပြန်ရော။ ခရီးသည် တစ်ယောက်က သူ့ကို ခုလို မြင်လိုက်ရတော့ သူ့ကို ဖြောင့်ဖျဖို့ ရှေ့တိုးလာတယ်။
"မိတ်ဆွေ၊ စိတ်ဆိုးမနေနဲ့တော့။ ဒီအတွက် စိတ်အနှောက်အယှက် ဖြစ်ရတာ မတန်ပါဘူး။ ဒါ့အပြင် မင်းကိုယ်မင်း အငြင်းပွါးချင်ရင်တောင်မှ မင်းဘယ်သူ ဘယ်ဝါ ဆိုတာ အရင်ဆုံး စဉ်းစားရမယ်။ အဲ့လူရဲ့ အဖေက ငရဲပြည်ရဲ့ မူးမတ် ၄ ယောက်ထဲက တစ်ယောက်ပဲ။ မင်း သူ့ကို သွားစော်ကားလိုက်ရင် မင်း ငရဲပြည်မှာ နေလို့တောင် ရတော့မှာ မဟုတ်ဘူး။"
သူ့ကိုယ်သူ နှစ်သိမ့်ဖို့ ကြိုးစားနေတဲ့ ဖုန့်ရှီတစ်ယောက် တခြားသူက သူ့ကို စကားလာပြောနေတာ ကြားရတော့ ကြက်သေသေသွားတယ်။ အဲ့နောက် သူက မေးလိုက်တယ်၊ "မူးမတ် လေးယောက်?"
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...