Chapter 171 Meet the Acquaintance Again

1K 181 5
                                    

အပိုင်း ၁၇၁။ သိကျွမ်းဟောင်းနှင့် ထပ်ဆုံပြန်

စားသောက်ပွဲ၌ လူအများ စားသောက် စကားပြောနေကြစဉ် ဖုန့်ရှီကတော့ လက်ချောင်းများကို ထိုးဆွလို့နေ၏။

သူ အစောကလေးတင်မှ ပြီးမြောက်ခဲ့တာဖြစ်သည့်အတွက် အသား၊ ငါးတို့ကို သူ့အနေနှင့် စားလို့ မသင့်တော်ပေ။ ဒါပေမဲ့လည်း စားပွဲပေါ်က ဟင်းပွဲတို့က အများစုမှာ အသား ဒါမှမဟုတ် ငါး ဖြစ်နေသည့်အတွက် ငရဲမင်းကြီးက သူ့ကို စားခွင့်မပြုချေ။ သူ အသားတစ်ပိုင်းလောက်ကလေးတောင်မှ မစားနိုင်ဖြစ်နေသည့်အတွက် စိတ်ပျက်စွာဖြင့်ပင် ပေါ့ပေါ့ပါးပါးဆန်ပြုတ်ကိုသာ စားနေရတော့သည်။

ဒါဟာ အဲ့တာလုပ်ခြင်း၏ PTSD များလား?

ဖုန့်ရှီက စူပုတ်လိုက်ပြီး ငရဲမင်းကြီးကို မကျေမချမ်းကြည့်လိုက်ပေမဲ့ တစ်ဖက်သားကတော့ လုံးလုံး မယိမ်းယိုင်ပေ။ သူကား ဘာကိုမှ စားလည်းမစား၊ သောက်လည်းမသောက်ပေ၊ ဒါပေမဲ့လည်း ... ဖြုန်းတီးရတာ ရှက်စရာကြီးမဟုတ်လား?

ငရဲမင်းကြီးက အခြားသူတွေနှင့် တစ်စားပွဲတည်း စားရတာ မကြိုက်သည့်အတွက် လန်ကျန်းထျန်က ရွေးချယ်စရာမရှိစွာဖြင့် သူတို့အတွက် သီးခြားစားပွဲတစ်ခု ပြင်ဆင်ပေးထားတာဖြစ်သည်။

တခြားစားပွဲတွေက လူတွေနှင့်ပြည့်နှက်နေကာ အချင်းချင်း သောက်စား မူးယစ်နေကြပေမဲ့ သူတို့နှစ်ဦးတည်းသာ ဘယ်ဟင်းပွဲမှ မတို့ထိဘဲ စားပွဲမှာ ထိုင်ရုံ ထိုင်နေကြတာဖြစ်သည်။ အနှီထူးဆန်းသည့်မြင်ကွင်းကား ဧည့်သည်အားလုံး၏ အာရုံကို ဖမ်းစားသွားတော့သည်။ အများစုက ထောင့်မှာထိုင်ပြီး သူတို့ကို လျို့ဝှက်စွာ အာရုံစိုက်နေကြကာ များသောအားဖြင့်တော့ သိချင်စိတ်ပြင်းပြနေကြခြင်းပင်။

ပထမတော့ ဖုန့်ရှီက အကြည့်ခံနေရခြင်းကို သက်တောင့်သက်သာ မရှိဖြစ်နေခဲ့သည်။ နောက်တော့ အကြည့်ခံရပါများလာတော့ သူ ရုတ်တရက် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နိုင်သွားခဲ့ပြီး ငရဲမင်းကြီးကို ဝမ်းနည်းသည့်အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now