အပိုင်း ၂၄။ ငရဲမင်းကြီးထံမှ ညွှန်ကြားချက်
သူ့အိတ်ကပ်ထဲက ဥကို အစွမ်းကုန် ဝှက်ထားရင်း ကောင်လေးက ဘုရင်ကြီးနောက် လိုက်ခဲ့ပါတယ်။
သူ့ခေါင်းဆောင်က ဥအကြောင်းကို သိသွားမှာကို သူ ကြောက်နေတယ်။ ဒါ့ကြောင့်သူက သူ့ခေါင်းဆောင်များ ရုတ်တရက် နောက်လှည့်ကြည့်လိုက်မလားဆိုပြီး သူ့ခေါင်းဆောင်ကို အချိန်တိုင်း ကြည့်နေတယ်။
သူတို့နှစ်ယောက် နန်းတော်တံခါးဝကနေ ထင်းလင်းစွာ ဖြတ်လျောက်လာခဲ့ကြတယ်၊ အဲ့နောက်မှာတော့ သူတို့တွေကို စူးစမ်းစွာ ကြည့်နေသူတွေ၊ ကြည်ညိုလေးစားစွာ ကြည့်နေသူတွေရဲ့ မြင်ကွင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။
အဖြူဝတ်အဘိုးအိုက ထွက်ပေါက်မှာ ရပ်နေပြီး သူတို့ကို စောင့်နေတယ်။ အဘိုးအိုရဲ့ ငြိမ်သက်အေးချမ်းနေတဲ့ပုံကို ကြည့်ရင်း သူ့လည်ပင်းကို မကျုံ့ဘဲမနေနိုင် ဖြစ်သွားတယ်။ 'သူ ဥအကြောင်း သိသွားပြီထင်တယ်? အိုး၊ ဘုရားရေ၊ သူအခုစိတ်ဆိုးနေတာပဲ ဖြစ်ရမယ်' ကောင်လေးက တွေးလိုက်တယ်။
ဒါပေမဲ့ အမှန်က အဘိုးအိုက သူဒေါသထွက်ထွက်၊မထွက်ထွက် သူ့သခင် စိတ်ဆိုးအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။
တံခါးကြီးက ဖြည်းဖြည်းချင်း ပိတ်သွားတယ်။ ဒါပေမဲ့ အဖြူဝတ် အဘိုးအိုက ဘုရင်ကြီးနဲ့ ကောင်လေးတို့နောက်ကို မလိုက်ခဲ့ဘဲ စိတ်ရောကိုယ်ပါ နှစ်ကာ အဲ့မှာပဲ ရပ်ပြီး စောင့်ကြပ်နေခဲ့တယ်။
'ငါ အပြင် ထပ်ပြီးထွက်ပြေးသွားမှာကို တားဖို့ အဲ့မှာပဲ ရပ်နေတာ! အသေအချာပဲ!' ကောင်လေးက မှန်းဆလိုက်တယ်။
နန်းတော်ကို ကောင်လေးပြန်လာပြီးနောက် အပေါ်ဘက်က ခုံပေါ်မှ ထိုင်နေတဲ့သူကို ငေးကြည့်နေရင်း သူ့လက်တွေကို ကျောဘက်မှာ ဆက်တိုက် ပွတ်နေတယ်။
စကားပုံတစ်ခုလိုပေါ့၊ 'ရန်သူ မလှုပ်ရှားသ၍ ငါ နည်းနည်းတောင် လှုပ်မှာမဟုတ်ဘူး'
အပြစ်ရှိတဲ့အသိနဲ့ ကောင်လေးက ဘာမှ မပြောရဲပေ။ ဒီကိစ္စအပေါ် သူ့ခေါင်းဆောင်ရဲ့ သဘောထားကို သူမသိသေးတဲ့အတွက် ဆိတ်ဆိတ်နေဖို့ဘဲ သူ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက အရင် စကားစပြောမှာမဟုတ်။ သူ့ခေါင်းဆောင် ထုတ်ပြောလာတာနဲ့ သူ ဘာပြန်ဖြေရမလဲဆိုတာ စဉ်စားမယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Viễn tưởngစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...