15. The Power Light Ball

3K 466 2
                                    

အပိုင်း ၁၅။ စွမ်းအားအလင်းလုံး

ကောင်းကင်ထွတ်ထိပ်မျှော်စင်က အနားယူည မြို့တော်၏ အမြင့်မြတ်ဆုံးနေရာဖြစ်သည်။ ထို့ကြောင့် ကိစ္စအထွေအထူးမရှိကြလျင် မည်သူကမှ နန်းတော်နားသို့ မချည်းကပ်ဝံ့ကြပေ။

လူတိုင်းက ပုံမှန်အတိုင်း ကောင်းကင်ထွတ်ထိပ်နန်းတော်ကို ရိုသေလေးစားမှုနှင့် ကြည့်လိုက်ပြီးနောက် ထွက်ခွါဖို့ပြင်လိုက်ကြသည်။ အဲ့အချိန်မှာပဲ ဘာလက္ခဏာမှ မပြဘဲ မြေပြင်က ရုတ်ချည်း လှုပ်ခါသွား၏။

မပြင်ဆင်ထားတဲ့လူတွေအားလုံးက ကြောက်လန့်တကြားဖြစ်သွားကြပြီး အံအားတသင့်နှင့် ကောင်းကင်ထွတ်ထိပ်နန်းတော်ကို ကြည့်လိုက်သည်။ တုန်ခါမှုက နန်းတော်ထဲမှ လာသည်ဟု သူတို့ခံစားမိလိုက်သည်။ ထူးခြာသောအခြေအနေတို့ကြောင့် နန်းတော်ထဲတွင် အရေးကြီးတာတစ်ခုခုဖြစ်နေလားဆိုတာ စတင်တွေးမိလာကြသည်။

ပညာရှင်ငယ်လေးဖုန့်ရှီလို့သိကြသောကောင်လေးက စွမ်းအားအလင်းလုံးကို ချိုးလိုက်ခြင်းကြောင့် ငလျင်လှုပ်သွားရခြင်းဖြစ်ကြောင်း ဘယ်သူမှမထင်ထားကြချေ။

ကြီးမာသောစွမ်းအားတို့ကြောင့် မြေကြီးက အနည်းငယ်တုန်ခါသွားရသည်။ နန်းတော်၏ ကြံ့ခိုင်မှုကြောင့်သာမဟုတ်လျင် စွမ်းအားအလင်းလုံးကြောင့် ပျက်ဆီးသွားမှာဖြစ်သည်။

ဒါပေမဲ့ စွမ်းအားအလင်းလုံးက ကြီးမာသောမှော်စက်ဝိုင်းနှင့် ထိန်းချုပ်ခန်းတို့ကို ထောက်ပံ့မှုအဖြစ် အသုံးပြုလေ့ ရှိခဲ့သည်။ စွမ်းအားအလင်းလုံး ၈လုံးက အရပ် ၈ မျက်နှာတွင် တည်ရှိသည်။

ဖုန့်ရှီ ချိုးလိုက်သောတစ်ခုက အရှေ့တောင်အရပ်တွင် တည်ရှိသော အလုံး ၈လုံးထဲက တစ်လုံးဖြစ်သည်။

ကြီးမားသောစွမ်းအားပမာဏက နေရာအနှံ့ စတင်ပျံ့နှံ့သွားပြီး မှောင်နေသောအခန်းတစ်ခုလုံး ပြည့်သွားလေ၏။ ထိုအချိန်မှာပဲ စွမ်းအားအလင်းလုံး၏ ထောက်ပံ့မှုကို မရတော့သည့်ထိန်းချုပ်ခန်းက စတင်ကာ ယိုယွင်းလာတော့သည်။ နန်းတော်အပြင်ဖက်မှ အကာအကွယ်အဖုံးက လက်တစ်ချောင်းဖြင့်တောင် အချိန်မရွေးပေါက်သွားစေနိုင်သည့်အလား တဖြည်းဖြည်း ပါးလာခဲ့၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now