အပိုင်း ၁၀။ တပ်မက်ဖွယ်ရာရတနာ
ကောင်လေး ငရဲမင်းကြီးရဲ့ခြေထောက်ဘေးက အိမ်မက်လမ်းရဲ့မြေပြင်ပေါ် ဗိုင်းခနဲလဲကျသွား၏။
မြက်နုမြေသားသာမဟုတ်လျင် ကောင်လေးနှာခေါင်းရိုး ကျိုးသွားမှာပဲဖြစ်သည်။
ဒါပေမယ့် ကောင်လး မအော်နိုင်ခင်မှာပင် မြေကြီးပေါ်ကနေ မြန်မြန်ထလိုက်ပြီး ကြက်သီးထနေတဲ့သူ့လက်မောင်းကိုသူ အကြမ်းပတမ်းပွတ်လိုက်သည်။
"ကြောက်လွန်းလို့သေတော့မတတ်ပဲ!"
ကောင်လေးက ရင်ဘတ်ကိုပုတ်ရင်း သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ တင်ပါးနာသွားတာ မေ့သွားပြီး ကြောက်ရွံ့တုန်လှုပ်နေတဲ့နှလုံးသားနဲ့ ထိုနေရာမှာပဲ ရပ်နေလိုက်သည်။ ငရဲမင်းကြိးက ကောင်လေးကို တိတ်ဆိတ်စွာကြည့်လိုက်၏။ ဆန္ဒပင်လယ်ဆိုသည်မှာ ဘုရင်ကြီးရဲ့ သိစိတ်ပင်လယ်နဲ့ အလားသဏ္ဍာန်တူသည့်အတွက်ကြောင့် ဘုရင်ကြီးက အရာအားလုံးကို တမင်တကာ လိုက်ခံစားကြည့်နေဖို့ မလိုအပ်ပေ။ ဆန္ဒပင်လယ်ထဲမှာ ကောင်လေး ဘာဖြစ်သွားခဲ့တာလဲဆိုတာ ဘုရင်ကြီးအတွေးထဲ မှိုလိုပေါက်ပြီးသားဖြစ်သည်။ သို့ပေမဲ့ ဘုရင်ကြီးကို အနည်းငယ်အံအားသင့်သွားစေသည်ကတော့ အိမ်မက်ကမ္ဘာရဲ့သက်ရောက်မှုမခံရခင်မှာပဲ ကောင်လေးက ပုံရိပ်ယောင်ထဲကနေ ဖောက်ထွက်သွားခဲ့တာပဲဖြစ်သည်။ဒါဟာဆန္ဒပင်လယ်ကို စဖန်တီးကတည်းက တခါမှ ဖြစ်ခဲ့ဖူးခြင်းမရှိတဲ့ဖြစ်ရပ်ဖြစ်၏။
ခပ်ဖွဖွသက်ပြင်းချသံ ကောင်းကင်ထက် ပဲ့တင်ထပ်သွားပြီးနောက် လွင့်ပျံ့ပျောက်ကွယ်သွားသည်။
"မင်း သူတို့ကို မမုန်းဘူးလား"
ကောင်လေးထိတ်လန့်နေဆဲမှာပဲ သူ့ခေါင်းထက်ကအသံတစ်သံထွက်ပေါ်လာတာ ကြားလိုက်သည်။
အဲ့နောက် သူခေါင်းကိုမော့လိုက်တော့ အဲ့ဒီ့ရှုဒေါင့်ကနေဆိုရင် လူကြီးရဲ့နဖူးထက်က ငွေမှင်ရောင်ကျောက်မျက်က ပိုပြီးတော့တောင် တောက်ပပြီး ပိုဆွဲဆောင်မှုရှိတယ်ဆိုတာ ကောင်လေးတွေ့လိုက်ရသည်။ အဲ့နောက်မှာတော့ သူကကြက်သေသေသွားပြီး မေးလိုက်၏။
"ဘာကိုမုန်းရမှာလဲ"
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...