120. Abduct the King

1.7K 268 7
                                    

အပိုင်း ၁၂၀။ ဘုရင်ကြီးအား ဖြားယောင်းခြင်း

ဖုန့်ရှီက အနမ်းမှာ အရမ်းနစ်ဝင်သွားတာကြောင့ ဦးလေးဖြူ ပြန်ရောက်လာတာကို သူ သတိမပြုမိလိုက်ပေ။

အဲ့နေ့ကတည်းက ဖုန့်ရှီက ဦးလေးဖြူကို ရှောင်ပုန်းနေခဲ့တာဖြစ်သည်။ အကြောင်းရင်းခံကို သိကြသည့် အစေခံလေးဦးကတော့ အဲ့အတွက် သူ့နောက်ကွယ်မှာ အမြဲ သူ့ကို ရယ်မောနေလေ့ရှိသည်။
(T/N: ကာလွမ်သလာက ဦးလေးဖြူရဲ့ ပျောက်ဆုံးနေတဲ့သားဖြစ်နိုင်တယ်လို့ သူ့အဖော်တွေနဲ့ အစိမ်းရောင်ငရဲသားအသင်း အကဲဖြတ်ပွဲမှာ အတင်းတုတ်ခဲ့တာကို ဘုရင်ကြီးနဲ့ ဦးလေးဖြူက သလင်းနက်ကနေတဆင့် မြင်သွား၊ ကြားသွားတာ ဖုန့်ရှီ ပြန်သိသွားကတည်းက ရှောင်ပုန်းနေခဲ့တာကို ရည်ညွှန်းတာပါ။)

တတိယမြောက်နေ့မှာတော့ ကာလွမ်သလာက ဖုန့်ရှီထံ သတင်း ပို့လာ၏။ မှန်းထားတဲ့အတိုင်းပဲ ဟွာမိသားစုက ဒေါသချောင်းချောင်း ထွက်သွားကြပြီပင်။

ဒါပေမဲ့ ဟွာမိသားစုက ဆူးလားမိသားစုထံကို သူတို့ရဲ့ အစွမ်းထက်အဖွဲ့ဝင်တွေကို တိုက်ရိုက်တော့ မစေလွှတ်လိုက်ချေ။ သူတို့က ကျင့်ကြံသူအချို့ကို ဆူးလားမိသားစုထဲ ခိုးဝင်ဖို့ အမိန့်ပေး စေခိုင်းခဲ့ပြီး အဲ့လို စေခိုင်းခံရသူတွေထဲက တစ်ယောက်က နတ်ဘုရားဘုရင်နယ်ပယ်ဆင့် အဆင့်ကိုး ရောက်နေတဲ့ ပညာရှင်တစ်ယောက်လည်း ပါဝင်၏။ ဘယ်လိုပဲဖြစ်ဖြစ် ကာလွမ်သလာက အဲ့ဒီ့ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ပြမနေချေ၊ အကြောင်းကတော့ ဆူးလားမိသားစုက သူတို့မှာရှိတဲ့ ဖဲချပ်တွေအကုန်လုံးကို လှန်မပြသေးဘဲ ဟွာမိသားစုကို ဘာမှန်းမသေချာ မရေရာတဲ့ လျို့ဝှက်ဆန်းကျယ်မှုတို့ကိုသာ ပေးသိထားလိုတာမို့ဖြစ်သည်။

ဖုန့်ရှီထားရစ်ခဲ့တဲ့ အမွှေးမဲ့ကြက်တို့ ကောင်းကင်ဖြိုဖျက်သားရဲတို့နဲ့အတူ တိုက်ပွဲဝင်တဲ့သူကတော့ ကာလွမ်သလာရဲ့အဖေဖြစ်ပြီး အဲ့အဖွဲ့နဲ့တင်ကို ရောက်လာတဲ့ခိုးဝင်ကျင့်ကြံသူတွေကို အနိုင်တိုက်နိုင်စွမ်း ရှိနေတာမို့ဖြစ်သည်။

အကျိုးဆက်အနေနဲ့ အဲ့ဒီ့ကို ဟွာမိသားစုရဲ့ ပို့လွှတ်ခြင်းခံရတဲ့ စွမ်းအားမြင့် ကျင့်ကြံသူအနည်းငယ်က ကာလွမ်သလာဆင်ထားတဲ့ ထောင်ချောက်ထဲ ကျသွားပြီး အကုန်လုံး အသတ်ခံလိုက်ရ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now