45. Uncle White's Indifference

1.9K 338 4
                                    

အပိုင်း ၄၅။ ဦးလေးဖြူရဲ့ လျစ်လျူရှုဟန်

အသံကိုကြားလိုက်တော့ 'ငါတော့ သေပြီ' လို့ ဖုန့်ရှီတွေးလိုက်တယ်။

တချိန်တည်းမှာပဲ အမှောင်ငရဲသားအရှင်က သူလျပ်စီးနဲ့ အပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး၊ သူ့ဝိညာဉ် ကိုယ်ထဲက လွင့်သွားသလို ခံစားလိုက်ရတယ်။ တိုတိုပြောရရင်တော့ အဲ့ဒီအရှင် လုံးလုံးလျားလျားကို ကြက်သေသေသွားရတယ်။

အမှောင်ငရဲသားအရှင်က အဲ့အသံဟာ ဘယ်သူ့အသံဆိုတာကို လှည့်ကြည့်စရာမလိုဘဲနဲ့ကို သိတယ်။

ကောင်းကင်ထွတ်ထိပ်နန်းတော်ထဲမှာ ငရဲမင်းကြီးကို အမြဲ ခစားနေတဲ့ အကြီးတစ်ယောက် ရှိတယ်ဆိုတာ လူတိုင်းသိတယ်။ အဲ့အကြီးကို 'ဦးလေးဖြူ' လို့ လူတွေ ခေါ်ကြတယ်။ ပြောကြတာကတော့ အဲ့အကြီးဟာ ဘာစိတ်ခံစားမှုမှ မရှိ ဘာခံစားချက်မှ မရှိ၊ ငရဲမင်းကြီးကလွဲရင် လူတိုင်းအပေါ် အေးစက်တယ်။ ဒါ့အပြင် အဲ့ဒီ့ မမှန်းဆနိုင်တဲ့လူရဲ့ ခွန်အား ဘယ်လောက်ရှိသလဲဆိုတာ ဘယ်သူမှ မသိကြ!

ဘယ်လိုပဲဖြစ်ဖြစ် အမှောင်ငရဲသားအရှင်ကို ထိတ်လန့်တုန်လှုပ်သွားစေတဲ့ တစ်ခုတည်းသော အရာကတော့ သူ လည်ပင်းညစ်နေတဲ့ ကောင်လေးကို ဦးလေးဖြူက ညွှန်းဆိုခေါ်ဝေါ်လိုက်တဲ့ အခေါ်အဝေါ်ပဲ ဖြစ်တယ်။

ဦးလေးဖြူလို လူက သခင်လေးလို့ ခေါ်ရလောက်အောင် ဘယ်လိုများ ဂုဏ်ထူးရှိန်ဝါ ရှိလို့လဲ! ဒီကောင်လေးဟာ ဘုံသုံးဘုံလုံးကသူတိုင်း တက်တက်ကြွကြွနဲ့ကို ဆွေးနွေးနေကြတဲ့ ဘုရင်ကြီး ပစားပေးထားခံရတဲ့သူမှန်း အခုတော့ အမှောင်ငရဲသားအရှင် သဘောပေါက်သွားပြီ ဖြစ်တယ်။

ဘာ့ကြောင့် နန်းတော်ထဲမှာ ကောင်လေး ရှောက်ပြေးနေတာကို တစ်ယောက်ကမှ မတားကြမှန်း အမှောင်ငရဲသားအရှင်* နောက်ဆုံးတော့ နားလည်သွားတယ်။
(*Eng Tran မှာ စာမှားတယ်လို့ ထင်လို့ ပြင်ထားပါတယ်။ Eng Tran မှာ ရေးထားတာက အမှောင် ငရဲသားလူ ဆိုပြီး ရေးထားတာဖြစ်ပါတယ်။)

ကောင်လေးက နန်းတော်ထဲ ခိုးဝင်တာကြောင့် ဒါမှမဟုတ် သူက အလွန်ကို တော်လွန်းတာကြောင့် မဟုတ်ဘဲ ဘုရင်ကြီးကိုက ခွင့်ပြုထားလို့သာ ဖြစ်တယ်။ အဲ့လိုမှ မဟုတ်ရင် စွမ်းအားကြီးတဲ့ ငရဲမင်းကြီးလိုသူ အနေနဲ့ နန်းတော်ထဲ ခိုးဝင်လာသူကို ရှာတွေ့ဖို့ဆိုတာ အလွန်ကို လွယ်တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now