အပိုင်း ၁၃၀။ အာဏာခွဲဝေမှု
ဟွမ်ရဲနဲ့ ကျုံးဝူချင်းတို့နှစ်ဦးလုံးက ကောင်းကင်က ချီးမြင့်ခံထားရသူများဖြစ်ကြသည်။
ကျက်သရေရှိတဲ့ ဂုဏ်သရေရှိမျိုးရိုးမှာ မွေးဖွားလာခဲ့ကြပြီး သူတို့ရဲ့ အပြုအမူနဲ့ လှုပ်ရှားမှုတို့က သီနိုမိသားစုက ပျက်ဆီးဆိုးသွမ်းနေတဲ့ သခင်ငယ်လေးနဲ့ အတော်ကွာကာ အေးချမ်းလှသည်။ သူတို့မှာ သည်းမခံနိုင်လောက်အောင် ဒါမှမဟုတ် မောက်မာတဲ့သဘောထား မရှိပေမဲ့ သဘာဝအလျောက် အထက်တန်းကျတဲ့ အငွေ့အသက်က မွေးကတည်းက ပါလာခဲ့တာဖြစ်သည်။
သူတို့ရဲ့ဖြစ်တည်မှုအဆင့်အတန်းအရဆိုရင် သီနိုမိသားစုသခင်လေးက သူတို့နဲ့ ယှဥ်လို့ကိုမရချေ။ သူတို့အားလုံးက သူတို့မိသားစုတွေရဲ့ သခင်ငယ်လေးတွေဆိုပေမဲ့ ဒီနှစ်ယောက်ကတော့ ငြင်းမရတဲ့ဆက်ခံသူတွေဖြစ်ကြသည်၊ ဆိုလိုတာကတော့ သူတို့တွေက အနာဂတ်မှာ သူတို့မိသားစုရဲ့ အမွေကို ဆက်ခံရဖို့ အခွင့်အလန်း ပိုများကြသည်။ သူတို့တွေက ငယ်ငယ်လေးကတည်းက ချီးမွမ်းမှု မြှောက်ပင့်မှုတို့နဲ့ အသားကျနေကြပြီဖြစ်သည်။ သူတို့မိသားစုရဲ့ လူအိုကြီးတွေတောင်မှ သူတို့ကို ဒီလိုအမိန့်ပေးတဲ့ လေသံနဲ့ တစ်ခါမှ မပြောဖူးခဲ့ကြ။
ငရဲမင်းကြီးရဲ့အသံက ပေါ့ပါးနေကာ တောင်းဆိုတာလည်းမဟုတ်၊ အမိန့်ပေးတာမျိုးလည်း မဟုတ်ပေမဲ့ သူတို့အနေနဲ့ မယုံနိုင်လောက်အောင် အံ့သြသွားကြရ၏။
ငရဲမင်းကြီးရဲ့လေသံက အေးချမ်းနေပေမဲ့ သဘာဝကျတဲ့ ဟိတ်ဟန်အဆင့်အတန်းတစ်မျိုး ပါဝင်နေပေမဲ့ အသက်အရွယ် ကြီးတဲ့ လူအိုကြီးတွေရဲ့ ခြိမ်းခြောက်တဲ့လေသံမျိုးလည်း ဟုတ်မနေ။ တနည်းပြောရရင် သူ့အမိန့်က အမိန့်လို့တော့ သတ်မှတ်လို့မရပေမဲ့ သဘာဝကျကျနဲ့ကို လိုက်နာချင်စိတ် ဖြစ်နေပြီး သူပြောတာကို နာခံချင်နေသလိုမျိုး မှော်တစ်မျိုး ပါဝင်နေသလိုပင်။
သူတို့နှစ်ယောက်အနေနဲ့ ကောင်းကင်လောက အရှင်ထျန်းဇွန်အပါအဝင် ရာထူး အလွန့်အလွန်မြင့်တဲ့ ပုဂ္ဂိုလ်မျိုးတွေ မြောက်များစွာနဲ့ တွေ့ဆုံခဲ့ဖူးကြသည်။ အရှင်ထျန်းဇွန်ရဲ့ အပြ်ပန်းအမူအယာက ကြင်နာတတ်တဲ့ စီနီယာတစ်ယောက်လိုမျိုး ထင်ရပေမဲ့လည်း သူ့ရဲ့အပြုအမူတိုင်းမှာ မမြင်နိုင်တဲ့ ဂုဏ်အဟိတ်တစ်မျိုး ပါဝင်နေ၏။ သူ့အသံက အမြဲ အထက်အရာရှိတစ်ယောက်ရဲ့ အမိန့်ပေးသံမျိုး စွက်နေသည်။ သူ့မျက်လုံးထဲမှာ သက်ရှdအားလုံးဟာ ပိုးကောင်လေးတွေမျှသာပင်!
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...