အပိုင်း ၁၈၆။ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့တာလား?
သူ့ကို စိုက်ကြည့်နေတဲ့ လူငယ်ကို ကြည့်လိုက်တော့ စိုးရိမ်နေတဲ့အမူအယာ သိသိသာသာကြီး ဖြစ်နေတာကို မြင်လိုက်ရတော့ ငရဲမင်းကြီးက ရယ််မြူးသွားရတော့သည်။ သူက ကောင်လေးပါးကို ဆွဲဆိတ်လိုက်ပြီးမေးလိုက်၏၊ "ဘယ်သူနဲ့တွေ့တာလဲ?"
ဖုန့်ရှီက ချက်ချင်းဆိုသလို လျို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်၊ "ကျွန်တော် အမျိုးသမီး နှစ်ယောက်နဲ့တွေ့တယ်။ ခေါင်းဆောင်၊ သူတို့က ဘယ်သူတွေဖြစ်မလဲဆိုတာ ခန့်မှန်းကြည့်။"
ငရဲမင်းကြီးက ပူးပေါင်းတဲ့အနေနှင့် ခေါင်း ခါယမ်းလိုက်သည်။ "ကိုယ်တော် မမှန်းတတ်ဘူး။"
ဖုန့်ရှီက သူ အရူးအလုပ်ခံလိုက်ရသည်ဟု မခံစားလိုက်ရချေ။ စိတ်အားထက်သန်စွာနှင့် သူက ဆက်လက် ရှင်းပြလိုက်သည်၊ "သူတို့ထဲက တစ်ယောက်က ကောင်းကင်ဘုံရဲ့ မင်းသမီး။ အဲဒီအမျိုးသမီးက နောက်တစ်လလောက်နေရင် သူ့မွေးနေ့ကို ကျင်းပတော့မယ့်သူလေ၊ ဒါပေမယ့် ကျွန်တော် သူ့ကို အကွက်ချပြီး ရှုံးအောင် လုပ်နိုင်ခဲ့တယ်။ အခု သူတို့ ဒုက္ခရောက်နေကြပြီ။ ကျွန်တော်တို့နောက်ကို လိုက်ဖို့ အချိန်မရှိတော့ဘူးလေ၊ ဟားဟား။"
"ရှီက တကယ်ကို ထက်မြက်တာပဲ"ငရဲမင်းကြီးက ပြုံးပြီး ချီးကျူးလိုက်သည်။
"ဟုတ်တာပေါ့။ ဒါနဲ့ စကားမစပ်၊ သူတို့က ကျွန်တော်တို့ထက် ရှေ့ရောက်နေသင့်တယ်။ ကြီးမြတ်တဲ့ သမ္မတကြီးချီက ဆက်ဆံရတာ လွယ်တဲ့ပုံမပေါ်ဘူး၊ ဒါပေမယ့် အဲ့တာက ပိုတောင်ကောင်းသေးတယ်၊ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ခိုင်းထားလိုက်ရအောင်။ တကယ်တမ်းတော့ သူတို့တွေက လူကောင်းတွေမှ မဟုတ်တာ" ဖုန့်ရှီက နှစ်ဖက် အပြင်းအထန် တိုက်ခိုက်နေကြသည့်ဖက်သို့ လက်ညှိုးထိုးပြလိုက်သည်။ လူနှစ်ယောက်က လေထဲမှာ ရပ်နေကြ၏။ အခုထိတော့ သူတို့ တိုက်တာ မရပ်ကြသေးပေ။ တစ်လမ်းလုံးနီးပါးကတော့ ပျက်ဆီးလို့နေပြီဖြစ်သည်။
ဒါပေမဲ့လည်း ကြီးမြတ်တဲ့ သမ္မတကြီးချီသာ နေရာကူးပြောင်းအခင်းအကျင်း အဖျက်ဆီးခံလိုက်ရမှန်းသိလျင် လုံရှီးနှင့်တိုက်ခိုက်ဖို့ စိတ်၀င်စားတော့မည်မဟုတ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...