Please scroll down for Zawgyi.
အပိုင်း ၉၃။ ကျောက်စိမ်းဖြတ်ပိုင်း
အဲ့ဒီ့ သမာသမတ်ကျတဲ့အသံက ရှိရင်းစွဲအေးစက်မှုနဲ့အတူ ဖုန့်ရှီရဲ့ ဝိညာဉ်ထဲကနေ ထွက်လာတာဖြစ်သည်။ သူက အဲ့တာကို ဂရုတစိုက်နားထောင်ပြီးနောက် အဲ့အသံက အနည်းငယ်တောင် ပိုလို့နူးညံ့နေတယ်လို့ သူ သိလိုက်သည်။
သူ့ကိုယ်က ရုတ်တရက် တုန်ရီသွားတာနဲ့အတူ ဖုန့်ရှီက ချက်ချင်းပဲ စကားတွေ သီးသွားတော့၏။ အဲ့နောက်မှာတော့ သူက မျက်တောင်ခတ်လိုက်ပြီး အနည်းငယ် အေးစက်တဲ့အသံကို သူတစ်ယောက်တည်းကသာ ကြားရတာ ဆိုတာကို သိသွားရသည်။ သူ့ခေါင်းဆောင် အခု သူ့ကို နည်းနည်း စိတ်ဆိုးနေပြီဆိုတာ ဖုန့်ရှီ ခံစားမိသွားသည်။
"မင်း အခု ဘာပြောလိုက်တာ? ထပ်ပြောပါဦး။" Carendra က ဖုန့်ရှီရဲ့ လက်ကို ဆွဲပြီး အလောတကြီး မေးလိုက်သည်။
ဖုန့်ရှီရဲ့ အသံက အရမ်းကို ညှင်ညှင်းလေးဖြစ်နေသည်။ Carendra အတန်ငယ်သံသယဝင်သွားပေမဲ့ သူမှားပြီး ကြားလိုက်တယ်လို့ သူမထင်ပေ။ မျှော်လင့်ချက် ရေးရေးလေး ရှိတယ်ဆိုရင်တောင် မျှော်လင့်ချက် လုံးဝမရှိတာထက်စာရင် ပိုကောင်းတယ်။ Carendra က သူ့ကျင့်ကြံဆင့်ကို မြှင့်နိုင်မယ့်အခွင့်အရေးကို လုံးဝ လက်လွှတ်ဆုံးရှုံးခံမှာမဟုတ်ဘူး။ ပြီးတော့ ကောင်လေးရဲ့နောက်ခံက မရိုးရှင်ဘူးဆိုတဲ့ ဝိုးတဝါးခံစားချက်လည်း သူ့မှာ ရှိနေတယ်။ ဘာပဲပဲပြောပြော Carendra က ငရဲပြည်က စွမ်းအားကြီး မိသားစုတွေအားလုံးကို သူသိတယ်၊ ဘယ်အင်အားစုထဲမှာမှ ဒီလိုသခင်လေးတစ်ယောက်အကြောင်းကို သူ မကြားခဲ့ဖူးဘူး။ အဲ့တာကြောင့် သူက အနည်းငယ် သံသယဝင်နေတာပင်။
သူ့ရဲ့ အဆွဲကို ခံရပြီးနောက် ဖုန့်ရှီချက်ချင်းပဲ အသိပြန်ဝင်လာတော့သည်။
Carendra ရဲ့ မျက်နှာပေါ်က စိုးရိမ်ကြောင့်ကြနေတဲ့ အမူအယာကို မြင်လိုက်ရတော့ သူ အခု ပြောခဲ့လိုက်တာကို ချက်ချင်း သတိပြန်ရသွားတော့သည်။ အဲ့နောက် သူက သူ့သခင်ရဲ့ စကားကို ပြန်အမှတ်ရသွားကာ သူ ဒါကို မြန်မြန် ပြီးမှဖြစ်မယ်လို့ သဘောပေါက်သွားတော့သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...