33. Strength Test

2.1K 345 2
                                    

အပိုင်း ၃၃။ ခွန်အားစမ်းသပ်ခြင်း

တစ်နှစ်ကြာပြီးနောက် ငရဲမင်းကြီးရဲ့ လမ်းညွှန်မှုအောက်မှာ ဖုန့်ရှီ ပိုကြည့်ကောင်းလာပြီး၊ ပိုပြီး စိတ်တက်ကြွလာတယ်။

ဒါပေမဲ့ အရေးအကြီးဆုံးက အဲ့တာမဟုတ်ဘူး။ တကယ့်အရေးအကြီးဆုံးက ဖုန့်ရှီရဲ့ ကျင့်ကြံဆင့်က သိမ်မွေ့နက်နဲတဲ့ ကောင်းကင်နယ်ပယ် အဆင့်ငါးထိ မြင့်တက်သွားပြီဖြစ်တယ်။ အဲ့နောက်မှာတော့ သူ ဆက်ကျင့်ကြံဖို့ ငြင်းဆိုလိုက်တယ်။

ဘာလို့လဲ?

ဘာလို့လဲဆိုတော့ သူ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်သိပ်သွားလို့ ဖြစ်တယ်။ စိတ်ဝိညာဉ်စွမ်းအင်ကို သူ တစ်နှစ်ပတ်လုံး စုပ်ယူခဲ့တာကြောင့် သူ့သွေးကြောတွေနဲ့ ဆဲလ်တွေမှာ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နေခဲ့တယ်။ အစကတော့ သူ နေရတာ သက်တောင့်သက်သာ ရှိခဲ့ပေမဲ့ အရမ်းကြီး သက်တောင့် သက်သာ အရှိလွန်လာတော့ သူ့အတွက် မကောင်းတော့ဘူး။ သူ့တစ်ကိုယ်လုံးမှာ ပုရွတ်ဆိတ် သေးသေးလေးတွေ ထောင်သောင်းချီ တွားသွားနေသလို သူခံစားလာရတယ်။ ယားတားတား ခံစားချက်ကြီးက သူ အဲ့ဒီ့မှာထိုင်ပြီး စိတ်ဝိညာဉ်စွမ်းအင်တွေ စုပ်ယူရမှာကို ထပ်မလုပ်ချင်တော့ဘူး။

ဒါ့ကြောင့် သူ့ကျင့်ကြံဆင့်က သိမ်မွေ့နက်နဲတဲ့ ကောင်းကင်နယ်ပယ် အဆင့်ငါးရောက်တော့ ရပ်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ ရပ်လိုက်တဲ့နေရာကလည်း တကယ်တော့ ချိုးဖောက်နိုင်ဖို့ အလွန်ခက်တယ်၊ အဲ့တာကြောင့် သူ အချိန်ကိုက် ရပ်ပစ်လိုက်တာဖြစ်တယ်။

သူ့ကျင့်ကြံဆင့်က လျင်လျင်မြန်မြန် မြင့်တက်နေပေမဲ့ သူ့စိတ်နဲ့ ကျင့်ကြံမှုအခြေခံက သူ့ကျင့်ကြံဆင့်နဲ့ မကိုက်ညီနိုင် ဖြစ်နေတယ်။ ဒါ့ကြောင့် သိမ်မွေ့နက်နဲတဲ့ ကောင်းကင်နယ်ပယ်ကို သူ ရောက်နေပြီဆိုတဲ့ ခံစားချက်ကို မကြုံတွေ့နိုင်သေးဘူးဖြစ်နေတယ်။ သူ့စိတ်ဝိညာဉ်စွမ်းအားကသာ အဆင့်ငါးကို ရောက်နေတာ၊ တခြား လက္ခဏာသွင်ပြင်တွေကတော့ မပြောင်းလဲသေးဘူးဖြစ်နေတယ်။

ငရဲမင်းကြီးက အဲ့တာကို အတော်ကြာကြာကတည်းက သိရှိပြီး ဖြစ်တာကြောင့် သူ့ကို စိတ်ဝိညာဉ်စွမ်းအားတွေ စုပ်ယူခိုင်းနေတာကို အတင်းအကျပ် မစေခိုင်းတော့ပေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now