အပိုင်း ၁၉၀။ လေလံပွဲ
ဖုန့်ရှီက စတိုးဆိုင်ပိုင်ရှင်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
ပိုင်ရှင်က ဖုန့်ရှီ၏ စကားကိုကြားတော့ ဖုန့်ရှီကို အံ့သြတကြီးနဲ့ မကြည့်ဘဲ မနေနိုင်တော့ပေ။ "လူကြီးမင်းက ဒီလိုပစ္စည်းမျိုးကို ဝယ်ချင်တာလား?"
"အင်း၊ ကျွန်တော် အကြီးတစ်ယောက်ကို ပေးချင်လို့။ မင်းမှာ အဲ့ဒီလိုမျိုး ပစ္စည်းတွေရှိလား" ဖုန့်ရှီက ခေါင်းညိတ်လိုက်ပြီး ဒီအကြောင်းကို မရှောင်ဖယ်ပေ။ ဘာ့ကြောင့်လဲဆိုတော့ ဖုန့်ရှီက ဆိုင်ပိုင်ရှင်ဟာ သူဘယ်သူ့ပေးမလဲဆိုတာ မသိသည့်အတွက် ပြောလိုက်လည်း အရေးမကြီးဟု သိသောကြောင့်ဖြစ်သည်။
"ဟုတ်ကဲ့၊ ကျွန်တော်မှာ ရှိပါတယ်၊ ဒါပေမယ့်..." ဆိုင်ပိုင်ရှင်က ခေါင်းညိတ်လိုက်သော်လည်း ရှင်းပြရခက်သည့်အတိုင်း အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။
ပိုင်ရှင်၏စကားကို ကြားသောအခါ ဖုန့်ရှီ ချက်ချင်းပဲ ရွှင်မြူးသွားပြီး "ဒါပေမယ့် ဘာဖြစ်လဲ?"
"လူကြီးမင်း၊ အဲဒါက တကယ့် တိုက်ဆိုင်မှုတစ်ခုပါပဲ။ အဲဒီပစ္စည်းကို အခုလေးတင် လေလံတင်ရုံကို ပို့လိုက်ပေမဲ့ ကံမကောင်းတာတော့မဟုတ်ပါဘူး။ အဲဒီပစ္စည်းက ကျွန်တော့်ဆိုင်မှာ မရှိပေမယ့်လည်း လူကြီးမင်းတို့ လေလံရုံကို မြန်မြန် သွားရင် မှိသေးတယ်။ လေလံက မစသေးဘူး" ပိုင်ရှင်က ပြောလိုက်သည်။
ထိုအရာသည် အဖိုးတန်လွန်းသောကြောင့် လေလံပွဲ၌ ရောင်းချလေ့ရှိသည်။
လူများများလိုချင်ရင် စျေးပိုကြီးပြီး ရောင်းနိုင်သည်။ သို့သော် ဘယ်သူမှ မလိုချင်ဘူးဆိုရင်တော့ အရှုံးခံရလိမ့်မည်။ ဒါပေမဲ့လည်း ဆိုင်မှာ ရောင်းဖို့ရန်က အမြဲခက်ခဲသည်။ စျေးကြီးသည့်အတွက် လူအနည်းငယ်လောက်သာ တတ်နိုင်သည်။ ထို့အပြင် ထိုအကြောင်းကို လူများစွာ မသိသောကြောင့် ပိုင်ရှင်သည် ၎င်းကို အောင်မြင်စွာ မရောင်းချနိုင်ခဲ့ပေ။
"သိပြီ။ လေလံပွဲက ဘယ်မှာလဲ ပြောပြလို့ ရမလား။" ဖုန့်ရှီက အနည်းငယ် ဝမ်းနည်းသွားရသည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...