အပိုင်း ၁၄၂။ ဆိုဖိုရာ ပြန်လာပြီ!
တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ငရဲမင်းကြီးပဲလို့ တန်းသိနိုင်သည်ပင်။ သီးယွင်ထျန်းနှင့် အနက်နဲ့လူတို့မျက်နှာအမူအယာတို့မှာ တဖြည်းဖြည်း အဆန်းတကျယ် ဖြစ်လို့လာတော့သည်။
သူတို့က ငရဲမင်းကြီးနဲ့ ဆယ်ကြိမ်ထက်ပိုပြီး မတွေ့ဆုံဖူးကြပေမဲ့လည်း လေးလေးနက်နက် အမှတ်ရနေဆဲပင်။ အတိအကျပြောရရင် ငွေရောင်ကျောက်မျက်က ငရဲမင်းကြီး၏ အမှတ်အသားပြရုဂ်အဖြစ် ကိုယ်စားပြုနေ၏။ သူ့ရဲ့တောက်ပမှုတို့က ဘုံသုံးဘုံလုံး နှိုင်းတုလို့ ရသည့်အရာ မရှိပေ။ အဲ့အပြင် ငရဲသားမိသားစုတို့ ဂုဏ်ဒြပ်ရုပ်သိမ်းခံရပြီးကတည်းက သူတို့အမှတ်အသားဖြစ်သည့် သူတို့နဖူးထက်က ကျောက်မျက်တို့လည်း ပျောက်ကွယ်သွားခဲ့ကြသည်။ အဲ့အတွက်ကြောင့် နဖူးထက် ကျောက်မျက် မြုပ်နေသည့်လူသားရယ်လို့ ဘုံသုံးဘုံလုံးမှာ ငရဲမင်းကြီးတစ်ယေက်သာရှိတော့လေသည်။
ငရဲမင်းကြီး ဒီမှာပေါ်လာခြင်းကား ရေခဲချီလင်ကို အရယူဖို့လို့ ကောက်ချက်ချဖို့ရာကတော့ နည်းနည်းတော့ ထူးဆန်းလို့နေသည်။
သီးယွင်ထျန်းနှင့် အနက်နဲ့လူတို့က ငရဲမင်းကြီးရဲ့ ခွန်အားအစစ်အမှန်ကို မသိသော်ငြား သူ့စွမ်းအားက တိုင်းဆလို့မရနိုင်အောင် ကြီးလှကာ သူတို့ထက် သေချာပေါက် စွမ်းအားကြီးကြောင်း သူတို့သိ၏။ အကယ်၍ ငရဲမင်းကြီးက ရေခဲချီလင်အတွက် လာတာဆိုလျင်တော့ ဒီနေ့တော့ သူတို့ရဲ့ပန်းတိုင်ကို မရနိုင်တော့သည်မှာ သေချာသလောက်ပင်။
ရေခဲချီလင်က ငရဲမင်းကြီးကို မသိပေ။ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလိုက်၊ ထပြီး ခိုးလိုက်လုလိုက်တို့နှင့်သာ အချိန်တော်တော်များများကို ဖြတ်သန်းခဲ့တာ ဖြစ်သည်။ ငရဲမင်းကြီးက ငရဲပြည်မှာနေထိုင်သည်ဖြစ်ကာ နတ်ဘုရားနှင့်မိစ္ဆာနိုင်ငံတော်၌ စစ်ပွဲကြီး ပြီးသွားသည့်အခါ ငရဲပြည်မှ ထွက်ခွါခဲတာကြောင့်ရယ်၊ ရေခဲချီလင်ကလည်း နှစ်ပေါင်းသောင်းချီ အိပ်မောကျနေခဲ့တာကြောင့်ရယ်တို့ကြောင့် သူတို့နှစ်ဦးသား တစ်ကြိမ်တစ်ခါမျှ မဆုံတွေ့ဖူးကြပေ။ ရေခဲချီလင်က ငရဲမင်းကြီးကို မြင်တော့ ဒီလူသားက အတော်သန်မာပြီး၊ သူတွေ့ဖူးသမျှတွေထဲ အသန်မာဆုံးလူသားတစ်ယောက်ပဲလို့ ခံစားမိလိုက်ရ၏။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...