112. Fighting the Black Spirit

1.4K 250 7
                                    

အပိုင်း ၁၁၂။ ဝိညာဉ်နက်အား တိုက်ခြင်း

မီးခိုးယူခြင်းကို ကျင့်ကြံပြီးကတည်းကနဲ့ ငွေလှံကို သန့်စင်ပြီးကတည်းက ဖုန့်ရှီက သူနဲံ တိုက်ဖို့ တစ်ယောက်ယောက်ကို အမြဲ အသည်းအသန် ရှာချင်ခဲ့သည်။

ဒါပေမဲ့ သူနဲ့ပါလာတဲ့သူတွေက သူ့ရဲ့ ဖြစ်တည်မှုအနေအထားကို ကောင်းကောင်းသိနေကြပြီး သူနဲ့ လုံးဝ မတိုက်ဝံ့ကြပေ။ အဲ့အပြင် ကာလွမ်သလာကလွဲရင် ကျန်အစိမ်းရောင် ငရဲသားအမဲလိုက်အသင်းအဖွဲ့ဝင်တွေအားလုံးက သူ့ပြိုုင်ဘက်မဟုတ်။ အဲ့အတွက်ကြောင့် သူတို့တွေ သူနဲ့ တိုက်ပါမယ်လို့ သဘောတူကြရင်တောင်မှ ဖုန့်ရှီက သူ့ရဲ့ အစစ်အမှန်ခွန်အားကို မစမ်းသပ်ရသေးပေ။ တချိန်တည်းမှာပဲ သူနဲ့ ယှဉ်တိုက်နိုင်တဲ့တစ်ဦးတည်းသောသူကလည်း သူ့ကို ရိုးရိုးရှင်းရှင်းကို လျစ်လျူရှုနေခဲ့သည်။

နောက်ဆုံးတော့ ကာလွမ်သလာတစ်ယောက် ဖုန့်ရှီရဲ့ တောင်းတောင်းပန်ပန်အကြည့်တွေကို သည်းမခံနိုင်တော့တဲ့အဆုံး သူ့ရည်မှန်းချက်အောင်မြင်ပြီးသွားပြီဆိုတာနဲ့ ဖုန့်ရှီလေ့ကျင့်လို့ရအောင် ရေခဲတောင်ကြားကလူတွေကို ဖုန့်ရှီအတွက် ချန်ပေးပါ့မယ်ဆိုပြီး ပြောလိုက်ရတော့သည်။

အဲ့တာကြောင့် သူတို့ ခြုံခိုတိုက်ခိုက်ခြင်း လုပ်လိုက်ကြတာပင်။ တကယ်တမ်းတော့ ဒါတွေက ကောင်လေး သူ့ဘာသာသူ လေ့ကျင့်ဖို့တွေပါပဲ။

အနီရောင်ချပ်ဝပ်တန်ဆာနဲ့ကောင်လေးက ကြည့်ရတာ စူးရှတောက်ပနေ၏။ သူ့ရဲ့စကားလုံးတွေက ရွှင်မြူးဟန် ပေါ်နေပေမဲ့ သူ့မျက်နှာပေါ်က အမူအယာတို့က အတော် တင်းမာနေပြီး ဖြုန်လောက်စရာဖြစ်နေသည်။ အခုလောလောဆယ် သူက ပင်းလိန်ထျင်းကို ခပ်ပေါ့ပေါ့ကြည့်နေတာဖြစ်ပြီး သူ့ရဲ့ ပြောင်မြောက်တဲ့သွင်ပြင်က လူတိုင်းရဲ့အာရုံကို ဆွဲဆောင်နေနေမှန်း မသိနေချေ။

ပင်းလိန်ထျင်းက သူ့ကိုယ်ထဲက အနီရောင်စွမ်းအင်ကြောင့် ဖရိုဖရဲဖြစ်နေ၏။ သူက အဲ့ဒါကို မီးဓါတ်ပါတဲ့ သာမန်စွမ်းအင်လို့ ယူဆခဲ့ပေမဲ့ သူ့ကိုယ်ထဲ အရိုင်းဆန်စွာ ပြေးနေတဲ့ဒီမီးဘောလုံးက ရှိန်လောက်စရာစွမ်းအား ပါဝင်နေမှန်း သူ မမျှော်လင့်ထားခဲ့။ အကျိုးဆက်အနေနဲ့ သူ့ရဲ့ အနည်းငယ်လောက် နှေးသွားတဲ့အပြုအမူက သူ့ကိုယ်ခန္ဓာပေါ်ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားစေခဲ့သည်ပင်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now