Chapter 198: This Was a Trap

1.6K 131 2
                                    

အပိုင်း ၁၉၈။ ဒါက ထောင်ချောက်တစ်ခုပဲ

အထိတ်တလန့်ဖြင့် ဖုန့်ရှီတစ်ယောက် တိတ်ဆိတ်နေသော နန်းတော်သို့ ပြန်သွားခဲ့သည်။ ကမ္ဘာကြီးကို သူ နားမလည်နိုင်တော့ဘူးလို့ ရုတ်တရက် ခံစားလိုက်ရ၏။

ငရဲမင်းကြီးက ခေါင်းပင့်ကြည့်လိုက်တော့ စိတ်မလွတ်တလွတ်ဖြစ်နေသည့် ဖုန့်ရှီကို တွေ့လိုက်ရသည်။ သူ့ကို အခုလိုမျိုး တစ်စစီ ကြေကွဲသွားရလောက်အောင် ဘေးနန်းတော်ခန်းမထဲမှာ ဘာတွေများ ဖြစ်သွားလို့ပါလိမ့်လို့ သူ မတွေးဘဲ မနေနိုင် ဖြစ်သွားရတော့၏။ သူက ထရပ်လိုက်ပြီး ဖုန့်ရှီထံသွားကာ ကောက်ချီလိုက်ကာ သူ့ထိုင်ခုံသို့ သူ ပြန်သွားလိုက်သည်။ သူ့အချစ်ကလေး အသိစိတ် မကပ်သေးတာကို ကြည့်ပြီး မျက်ခုံးတို့ တွန့်ချိုးသွားရကာ၊ "ဘာတွေဖြစ်နေတာလဲ?"

ဖုန့်ရှီက အခုမှ ငရဲမင်းကြီးကို သတိထားမိသွားပုံရရကာ ခေါင်းကို မော့လိုက်ပြီး ရုတ်တရက် စိတ်လှုပ်ရှားစွာနှင့် ဖုန့်လင်းလိုမျိုး အထစ်ထစ်အငေါ့ငေါ့ဖြင့် "ခေါင်း..ခေါင်း...ခေါင်းဆောင်၊ ကျွန်... ကျွန်တော် ဦးလေးဖြူနဲ့ ဖုန့်လင်းတို့ရဲ့ အံ့လောက်တဲ့ လျို့ဝှက်ချက်တစ်ခုကို တွေ့လိုက်ရတယ်.... မဟုတ်ဘူး၊ အဲ့တာ ရေခဲချီလင်၊ မဟုတ်ဘူး၊ အဲ့တာ မမှန်သေးဘူး။ အဲ့တာက ဦးလေးဖြူ... ဟို..."

"ဖြည်းဖြည်းပြော... မလောနဲ့၊" ဖုန့်ရှီ စိတ်လှုပ်ရှားလွန်းလို့ စကားတစ်ခွန်းတောင် အဆုံးမသတ်နိုင်ဖြစ်နေတာကို မြင်တော့ ငရဲမင်းကြီးက လက်ကို ဆန့်ထုတ်လိုက်ပြီး ဖုန့်ရှီ၏ ကျောကို သပ်ပေးလိုက်သည်။

ဖုန့်ရှီလည်း သူ အရမ်းစိတ်လှုပ်ရှားနေတာကို သူ ခံစားမိတာကြောင့် သူ့ကိုယ်သူ အမြန် စိတ်အေးအောင် လုပ်လိုက်ပြီး အတန်ကြာပြီးနောက် သူ စိတ်ငြိမ်သွားပြီဆိုမှ ဖြည်းညင်းစွာ ပြောလိုက်သည်၊ "ဦးလေးဖြူရဲ့ အရင်ကနဲ့မတူတဲ့ အပြုအမူတွေရဲ့ နောက်ကွယ်က အကြောင်းရင်းကို ကျွန်တော် စုံစမ်းမယ်လို့ ကျွန်တော် ပြောခဲ့တယ်လေ? အဲ့တော့ ကျွန်တော် ဘေးခန်းမက ကျောက်တောင်တွေရှိတဲ့ ရေပူစမ်းကိုသွားပြီး စောင့်နေခဲ့တယ်။ အဲ့မှာ ရေခဲချီလင်လည်း ဦးလေးဖြူနဲ့ ဖုန့်လင်တို့ကို ခိုးကြောင်ခိုးဝှက်နဲ့ လာချောင်းတာကို ကျွန်တော် တွေ့လိုက်ရတယ်။ သူ ဝင်လာပြီးတော့ ဦးလေးဖြူနဲ့ ဖုန့်လင်းတို့ ဝင်လာကြရော။ ကျွန်တော်က ကျောက်တုံးတစ်တုံးနောက်မှာ ဝင်ပုန်းလိုက်တယ်၊ ရေခဲချီလင်က ရေထဲမှာ ပုန်းနေတယ်။ အဲ့နောက်မှာတော့ ဦးလေးဖြူက ဖုန့်လင်းကို အဝတ်အစားတွေ ချွတ်ခိုင်းနေတာကို ကျွန်တော်တို့ ကြားလိုက်ရတယ်...."

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now