75. Good At Tolerating Pain

1.6K 288 8
                                    

Please scroll down for Zawgyi.

အပိုင်း ၇၅။ ဝေဒနာ ခံနိုင်ရည် ရှိခြင်း

ကောင်လေးရဲ့မျက်နှာပေါ်က လေးနက်တဲ့အမူအယာကို မြင်တော့ ဖုန့်ရှီ နောက်ဆုံး သေသေချာချာ တိုက်တော့မယ်ဆိုတာ ဦးလေးဖြူ သိလိုက်တယ်။

ဦးလေးဖြူရဲ့ မျက်လုံးထဲ မသိမသာ ကျေနပ်သွားတဲ့ အရိပ်အယောင် ပေါ်လာတယ်။ ဖုန့်ရှီ နောက်ဆုံး အလေးအနက်ဖြစ်လာတာကို သူ ဝမ်းသာတယ်၊ သူနဲ့ ဘုရင်ကြီးတို့ ပင်ပင်ပန်းပန်း ကြိုးစားလုပ်ဆောင်ခဲ့တာတွေ အရာထင်လာပြီပဲ။

အဲ့တာကို တွေးမိတော့ ဖြောင့်ဖြောင့် ရပ်နေပြီး တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ကောင်လေးကို လေပြေလို ငြိမ်သက်စွာ စိုက်ကြည့်လိုက်တယ်။

ဖုန့်ရှီက ပင့်သက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ရင်း ဒီတိုက်ပွဲကို သူနိုင်ရမယ်ဆိုတာရယ် ဒီနေ့ သူ့စွမ်းအား ထုတ်ပြရတော့မယ်ဆိုတာရယ် သူ သိလိုက်တယ်။ အခု သူ့မျက်နှာသေးသေးလေးပေါ်က အမူအယာက လုံးဝကို တည်ကြည်လေးနက်သွားတယ်။ သူ့အရင်ဘဝတုန်းက အရေးတကြီးအခိုက်အတန့်တွေမှာ အသက်လုပြေးရတဲ့အချိန်တွေတုန်းက အခုလိုမျိုး အလေးအနက်ဖြစ်တည်လာတာမျိုး အကြိမ်အနည်းငယ် ရှိဖူးတယ်။ အဲ့တာကြောင့် လက်ရှိအခြေအနေကို ရင်ဆိုင်ဖို့အတွက်က သူ့အတွက် အရမ်းကြီး အခက်ကြီးတော့ မဟုတ်ပါဘူး။

အဲ့နောက် သူက ညာလက်သီးကို ဆုပ်ထားရင်း ကိုယ်ကို အနည်းငယ် နှိမ့်လိုက်ပြီး ထွက်ပြေးဖို့အတွက် အဆင့်သင့်ပြင်ဆင်လိုက်တယ်။

ရုတ်တရက် သူ့လက်ဝါးထဲကနေ အားပြင်းတဲ့တွန်းအားတစ်ခု ထွက်လာတယ်. သူစောနတုန်းက အမြန်ပစ်သွင်းလိုက်တဲ့ လက်သီးချက်ထက် ပိုပြင်းတဲ့ လက်သီးတစ်ချက်နဲ့ စတိုက်တော့မှာ အသိသာကြီးပင်။

တွန်းအားက ဆက်တိုက် ထွက်လာနေပြီး မငြိမ်မသက်ဖြစ်နေတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ဖိသိပ်ပြီး ဖုန့်ရှီရဲ့ လက်သီးထဲ စုစည်းလာတယ်။

ဖုန့်ရှီရဲ့ သွေးကြောတွေက အရင်ကထက် အနည်းငယ် ပိုပြီး ကျယ်လာတဲ့အတွက် သူ့ကိုယ်ခန္ဓာထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ရှိနေသ၍ ဒီပြင်းထန်တဲ့ပညာရပ်နဲ့ သူ့ကို ထိခိုက်မှုမရှိစေဘဲ ကာရံလက်သီးကိုးချက်ကို အသုံးချနိုင်မှာဖြစ်တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now