Chapter 175 Two Women

939 130 0
                                    

အပိုင်း ၁၇၅။ အမျိုးသမီးနှစ်ယောက်

ဖုန့်ရှီအခုရောက်ရှိနေသောမြို့မှာ နေရာကူးပြောင်းအခင်းအကျင်းနှင့် အနီးဆုံးဖြစ်သော ထယ်ဖုန်းမြို့ဖြစ်သည်။

အနီးဆုံးမြို့ဖြစ်သည့်အတွက် သူ မြို့အတွင်းသို့ ဝင်ရောက်သွားပြီး နာရီဝက်အတွင်းမှာတင်ပဲကို အလိုရှိသည်ကြော်ငြာစာရွက် အမြောက်အများမှာ ကပ်ပြီးဖြစ်နေပြီဖြစ်သည်။ အချို့က သူ့ကို တွေ့ထားခဲ့သွားကြပြီး သူ မြို့ထဲမှာ ရှိနေမှန်း သိသွားကြသည့်အတွက် ထျန်ယာဒါးမြဂိုဏ်းကလူတွေက သူ့ကို လမ်းတလျောက် ဟိုဟိုဒီဒီ လိုက်လံရှာဖွေနေကြပြီဖြစ်သည်။

ထျန်ယာဒါးမြဂိုဏ်းကလူတွေက အနီဝတ်စုံဝတ်ဆင်ထားတဲ့ဘယ်သူ့ကိုပဲတွေ့တွေ့ ချက်ချင်းပဲ စုံစမ်းမေးမြန်နေတော့သည်။ ထိုသို့သောအခြေအနေက လေးနာရီကနေ ခြောက်နာရီလောက်အထိ ကြာသွားခဲ့သည်။ အကျိုးဆက်အနေနှင့် ထယ်ဖုန်းမြို့အတွင်းက အဲ့လိုအနီရောင်အဝတ် ဝတ်ထားသူတွေအားလုံးက သူတို့အသက်အရွယ်၊ သူတို့ရဲ့ အနီအဝတ်အစားအပေါ် ကြိုက်နှစ်သက်မှုတို့ကို ဘေးဖယ်ပြီး ချက်ချင်းပဲ သူတို့အဝတ်အစားတွေကို ပြောင်းလိုက်ကြတော့သည်။

ထို့အတွက် ထယ်ဖုန်းမြို့တစ်မြို့လုံး အနီဝတ်ထားသူ တစ်ယောက်မှ မရှိတော့ပေ။

ဒါပေမဲ့ မှောင်လာပြီဖြစ်သည့်အတွက် လူအနည်းစုကသာ ဖုန့်ရှီကို ရှာနေကြသည်။

ဖုန့်ရှီက လမ်းကြားထဲမှနေ ထွက်လိုက်ချိန်မှာတော့ ဘေးဘီမှာ ဘယ်သူမှမရှိတာကို သတိပြုမိသွားတော့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်တော့သည်။ သူက မြို့လယ်ကို ဦးတည် လျှောက်သွားတော့မယ့်အချိန်မှာပဲ သူ့အနောက်ကနေ အော်သံတစ်သံထွက်လာခြင်းကြောင့် ချက်ချင်းကို အတောင့်လိုက် ဖြစ်သွားရ၏။

"ရပ်လိုက်!"

သူ လှည့်ကြည့်လိုက်တော့ အလိုရှိသည်ကြော်ငြာစာရွက်တစ်ခုကို ကိုင်ထားတဲ့ ဒါးမြတစ်ယောက် သူ့ဆီ လျှောက်လာတာကို တွေ့လိုက်ရသည်။ ကံကောင်းစွာနှင့်ပဲ သူ့သွင်ပြင်ကို သူ ပြောင်းပြီးသွားပြီဆိုတာ သတိရလိုက်သည့်အတွက် သူက ချက်ချင်းကြီး ထမပြေးတော့ပေ။ အဲ့လိုမှမဟုတ်လျင် သူ အသွင်ပြောင်းထားမှုက အချီးအနှီးဖြစ်သွားမှာဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now