119. Kisses

1.8K 261 13
                                    

အပိုင်း ၁၁၉။ အနမ်း

သူ့ခေါင်းဆောင်နဲ့ ပတ်သက်တာတွေအကုန်လုံးက သူနဲ့သက်ဆိုင်တယ်လေ။

ဖုန့်ရှီက ဖိတ်စာကတ်ကို ယူလိုက်ပြီး ကြောင်ကြောင်အမ်းအမ်းနဲ့ တောင့်တောင့်ကြီးဖြစ်နေတဲ့ ဆိတ်အဘိုးအိုကို လုံးလုံးလျားလျားကို လျစ်လျူရှုလိုက်ကာ ပြန်ပြေးသွားတော့သည်။

"ခေါင်းဆောင်၊ ခေါင်းဆောင်၊ ကြည့်၊ လူတိုင်းက ဘာလို့ သူတို့ရဲ့ ဖိတ်စာကတ်တွေကို ရွှေနဲ့ ထွင်းထားရတာလဲ? အဲ့တာ အရမ်းတောက်ပနေတာပဲ။ သူတို့က ဘယ်သူကပိုပြီး ကြည့်ကောင်းမလဲဆိုပြီး ပြိုင်နေကြတာတော့ မဟုတ်နိုင်လောက်ဘူး၊ ဟုတ်တယ်မှတ်လား?" ဖုန့်ရှီက ဖိတ်စာကို မဖွင့်သေးပေမဲ့ ရွှေထွင်းထားတာကြောင့် စပ်စုနေ၏။ ဖိတ်စာကတ်က ဟွာမိသားစုကပေးတာမျိုးနဲ့တူပေမဲ့ ဒီတစ်ခုက ဟွာမိသားစုကဟာထက် ပိုလို့ခန့်ညားခမ်းနားကာ တန်ဖိုးကြီးဟန်ပေါက်နေ၏။

"လူအများစုက အဲ့တာမျိုးကို သဘောကျကြတယ်၊ ဒါပေမဲ့ အပြင်ပန်းအလှအနေနဲ့ပဲ သုံးကြတာပါ။" ငရဲမင်းကြီးက ဆိတ်အဘိုးအိုရဲ့ကြောင်အမ်းနေတဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ ဒါပေမဲ့ အဲ့ဒီ့အေးစက်တဲ့ အကြည့်တစ်ချက်ကြောင့် တဖက်လူကတော့ ချွေးစေးတွေ ပြန်လာပြီဖြစ်သည်။

"အိုး၊ ဒါဆို အဲ့တာက သူတို့မှာ ပိုက်ဆံမရှိလို့ပေါ့။ လူတိုင်း ရွှေထွင်းထားတာကို သုံးတာ အံ့အားသင့်စရာတော့ မဟုတ်ဘူးပဲ။" ဖုန့်ရှီက ရုတ်တရက် သဘောပေါက်သွားပြီး 'ငါ မင်းကို နားလည်ပါတယ်' ဆိုတဲ့ အမူအယာနဲ့ ခေါင်းညိတ်လိုက်သည်။

ဆိတ်အဘိုးအိုရဲ့ နှုတ်ခမ်းထောင့်က နှစ်ကြိမ်မျှ တွန့်သွားရ၏။

ကြည့်ရတာ ကောလဟလက မှန်နေပုံပဲ၊ ပြီးတော့ ငရဲမင်းကြီးက ဒီကောင်လေးကို လိုလိုလားလားနဲ့ ဝင်စွက်ဖက်ခွင့်ပေးထားပြီး ဘာလုပ်လုပ် ခွင့်ပြုထားတာပဲ။ ထျန်ဟွာမင်းသမီးတော့ တကယ်ပဲ အခွင့်အရေးမရှိတော့တဲ့ပုံပဲ။ အချိန်ကျရောက်လာတဲ့အချိန်ကြရင် ထျန်ဟွာမင်းသမီးက ဒီကိစ္စကို နှလုံးထဲထည့်ပြီး ရင်ထဲခံစားပြီး အခြေအနေတွေ ဆိုးသွားအောင် မလုပ်ပါစေနဲ့လို့ပဲ ဆိတ်အဘိုးအို မျှော်လင့်မိတော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now