19. Colluding with Each Other

2.4K 400 8
                                    

အပိုင်း ၁၉။ အချင်းချင်းပူးပေါင်းခြင်း

မီးအရောင်က မီးရဲ့အဆင့်ကို သတ်မှတ်တယ်။ အနိမ့်ဆုံးအဆင့်ကနေ အမြင့်ဆုံးအဆင့်အထိ စဉ်ရမယ်ဆိုရင် လိမ္မော်ရောင်၊ အဝါရောင်၊ အနီရောင်၊ ကြက်သွေးရောင်၊ ခရမ်းရောင် တို့ အသီးသီးဖြစ်ကြတယ်။ မီးရဲ့အဆင့်မြင့်လေလေ သန်မာတဲ့စွမ်းအားကို ပိုင်ဆိုင်လေလေပါပဲ။

လူတိုင်းသိတဲ့အတိုင်း အနီရောင်မီးတောက် မှုတ်ထုတ်နိုင်တဲ့ မိစ္ဆာသားရဲဟာ သေချာပေါက် အဆင့်မြင့်မိစ္ဆာသားရဲဖြစ်တယ်။ လိမ္မောရောင်၊ အဝါရောင်မီးတောက်တို့ကို မှုတ်ထုတ်နိုင်တဲ့ မိစ္ဆာသားရဲတွေက အဆင့်နိမ့်တွေ ဖြစ်ကြတယ်။ ခရမ်းရောင်နဲ့ ကြက်သွေးရောင်မီးတောက်တွေကိုတော့ ဒဏ္ဍာရီလာသားရဲတွေလို့ ခေါ်ကြတဲ့ အထွတ်အမြတ်သားရဲတွေကပဲ အဲ့မီးအရောင်ကို ပိုင်ဆိုင်ကြတာဖြစ်တယ်။

အခိုးအငွေ့မှုတ်နိုင်ပြီး ဝိညာဉ်မီးကနေဖြစ်တည်လာတဲ့ ခရမ်းရောင်မီးတောက်ကို မှုတ်ထုတ်နိုင်တဲ့ ဒဏ္ဍာရီလာ အထွတ်အမြတ်သားရဲ တစ်ကောင်ကို အထွတ်အမြတ်ရိုးရာအရှင် တစ်ဦးတည်းကသာ ပိုင်ဆိုင်နိုင်တယ်ဆိုတာ အားလုံးသိကြတယ်။ ခရမ်းရောင်မီးတောက်ရဲ့စွမ်းအားက ကြောက်ခမန်းလိလိဖြစ်တယ်။ ဒါပေမဲ့ အထွတ်အမြတ်ရိုးရာအရှင် နောက်ဆုံးအကြိမ်ပေါ်လာခဲ့တာ အတော့ကိုကြာနေပြီ။ ဒါ့ကြောင့် လူတွေတွေ့ရနိုင်တဲ့ အဆင့်မြင့်ဆုံး မိစ္ဆာသားရဲတွေဟာ မီးတောက်နီကို မှုတ်ထုတ်နိုင်တဲ့ သူတွေပဲဖြစ်တယ်။

အဆင့်မြင့်မိစ္ဆာသားရဲ ရှားပါးတဲ့အတွက် သာမာန်အားဖြင့် အဆင့်မြင့်မိစ္ဆာသားရဲကို ပိုင်ဆိုင်နိုင်သူတွေဟာ မျိုးရိုးမြင့်မြတ်သူတွေ ဒါမှမဟုတ် အဆင့်မြင့်မိစ္ဆာသားရဲနဲ့ စာချုပ်ချုပ်လိုက်နိုင်တဲ့ ကံတကယ်ကောင်းတဲ့သူတွေပဲ ဖြစ်ကြတယ်။

ဒါပေမဲ့ ကောင်လေးလို အစေအပါးတစ်ယောက်မှ မရှိတဲ့သူမှာ အဆင့်မြင့်မိစ္ဆာသားရဲတစ်ကောင်ရှိနေတယ်! ဒါ့အပြင် အဲ့မိစ္တာသားရဲက သူတို့ခုလေးတင်လှောင်ပြောင်ခဲ့ကြတဲ့ အမွှေးမဲ့ကြက်တစ်ကောင်ဖြစ်နေခဲ့တယ်။ ဒါတော်တော်ဆိုးဝါးတာပဲ။ အကြာကြီးတိတ်ဆိတ်နေပြီးနောက် တစ်ယောက်က ရုတ်တရက် ထအော်လိုက်တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now