88. His Long-Lost Son

1.7K 271 10
                                    

အပိုင်း ၈၈။ နှစ်ရှည်လများ ပျောက်ဆုံးနေခဲ့သော သား

"ဘန်း!"

မင်းဟေးယွီရဲ့ ကိုယ်ကနေ အသံတစ်သံ ရုတ်တရက် ထွက်လာပြီး သူ့နှလုံးသားက အကြိမ်ရေ မရေမတွက်နိုင်အောင် ခုန်သွားသလိုတောင် ထင်မိသွားသည်။

အမြင့်မှ ပျံလာပြီး မြေပြင်ပေါ် ပြုတ်ကျသွားသည့် မင်းဟေးယွီကို ပရိတ်သတ်တို့က သတိလက်လွတ် ကြည့်နေကြပြီးနောက် ကွင်းက တိတ်ဆိတ်သွားတော့သည်။ လူတိုင်းက ဘာမျက်နှာအမူအယာမှ မရှိသည့် ကောင်လေးကို ကြည့်လိုက်ပြီး တကိုယ်လုံး ကြက်သီးဖျန်းဖျန်းထသလို ခံစားမိသွာကြတော့သည်...

သူ့ထက် ကျင့်ကြံဆင့်ပိုမြင့်နေသည့် မင်းဟေးယွီက လက်သီးတစ်ချက်နဲ့တင် မှောက်သွားတာကို မြင်လိုက်ရသည့်အတွက် ကွင်းအပြင်ဘက် သတ်မှတ်ခုံမှာ ထိုင်နေတဲ့ ယန်းမင်းယွမ်တစ်ယောက် မျက်လုံးထဲ ကြောက်ရွံ့တဲ့အကြည့်နဲ့ လုံးဝကို တောင့်တောင့်ကြီးဖြစ်သွားတော့သည်။

သူသာ အထိုးခံရသူ ဖြစ်မယ်ဆိုရင် အသက်တောင် ရှိနေပါဦးမလား။

အဲ့အချိန်မှာပဲ ဖုန့်ရှီအပေါ် ယန်းမင်းယွမ်ရဲ့ တစ်ခုတည်းသော ခံစားချက်က အကြောက်တရား။ သူတို့ ကွင်းထဲမှာသာ အချင်းချင်း တိုက်ခိုက်ကြရမယ်ဆိုရင် ဖုန့်ရှီပေါ် ရှိနေတဲ့ အကြောက်တရားကို မကျော်လွှားနိုင်တာနဲ့တင် အနိုင်ရနိုင်မယ့်အခွင့်အရေး ရှိမှာကို မဟုတ်ချေ။

"သခင်၊ နိုးထတော့!"

စာအုပ်နတ်ဘုရားက ဖုန့်ရှီအရှေ့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဖုန့်ရှီက မင်းဟေးယွီလှုပ်ရှားမှုကို သတိပြုမိပြီး ချက်ချင်း မြန်မြန်ဆန်ဆန် တန်ပြန်တိုက်ခိုက်မှုစ်ခု လုပ်လိုက်တဲ့အတွက် သူလည်း အရမ်းကို အံ့အားသင့်သွားရသည်။ ဖုန့်ရှီအကြောင်း သူသိတာအရဆို ဒီကောင်လေး အခု ကြီးကြီးမားမား အောင်မြင်မှုတစ်ခုကို အစစ်အမှန် ရရှိခဲ့တာပင်။ ဒါပေမဲ့ စာအုပ်နတ်ဘုရားက ဘာလို့ သူသခင်က တူညီတဲ့ ကိုယ်နေဟန်တစ်ခုနဲ့ အကြာကြီး နေနေတာလဲဆိုတာကို သိချင်နေဆဲပဲဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now