Please scroll down for Zawgyi.
အပိုင်း ၈၉။ ဖုန့်ရှီရည်ရွယ်ချက်
ဖုန့်ရှီအဖော်တွေရဲ့ ရယ်သံက တိကနဲ ရပ်သွားပြီးနောက်...
သူတို့သုံးယောက်လုံး သတိအနေအထား ဖြစ်သွားကြပြီး ချက်ချင်းပဲ ဖုန့်ရှီအရှေ့ ရပ်လိုက်ကြသည်။ ခြိမ်းခြောက်တဲ့ဟန် အပြည့်ပါနေတဲ့အကြည့်တို့နဲ့ မျက်လုံးပွင့်လာတဲ့ Carendra ကို သူတို့ ကြည့်လိုက်ကြသည်။ သူတို့ သူ့မျက်လုံးကို ကြည့်မိတော့ သူတို့ကိုယ်သူတို့ ရေခဲကမ္ဘာထဲ ကျသွားပြီး အရပ်မျက်နှာ အဘက်ဘက်က လေအေးတွေက သူတို့ကိုယ်ထဲ အလျင်အမြန်တိုးဝင်နေကာ သူတို့နှလုံးတွေတောင် အေးခဲသွားသလို ခံစားလိုက်ကြရသည်။
အဲ့အချိန်မှာပဲ Carendra က စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ ရှိနေတဲ့နေရာကို တစ်ချက်ကြည့်လိုက်ပုံမှာ တစ်စုံတစ်ခုကို တွေ့ရှိသွားသည့်အလားပင်။
(T/N: နတ်ဘုရားနှစ်ပါးကိုက နန်းကုန်းလီလို ကျင့်ကြံဆင့်မြင့်တဲ့သူတွေကပဲ မြင်နိုင်တာကြောင့်ပါ)ကျောစိမ့်လောက်တဲ့အကြည့်နဲ့ ရင်ဆိုင်မိတော့ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့က အေးစက်တဲ့ ချွေးစေးတွေ မထွက်ဘဲ မနေနိုင်တော့ပေ။
Carendra က တကယ်ကို ဥပက္ခာသမားတစ်ယောက်ပေမဲ့ ဖုန့်ရှီအတွက်တော့ ဦးလေးဖြူနဲ့တော့ မတူတဲ့ခံစားချက်ကို ပေးနေသည်ပင်။ ဦးလေးဖြူက အမြဲ ဥပက္ခာဟန်ရှိပြီး မချဉ်းကပ်နိုင်။ ပိုဆိုးတာက သူလို ရာထူးမြင့်လူတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါမှာ အခြားသူတွေက သူ့ကို ခုခံဖို့ စိတ်ကူးတောင် မရှိကြပေ။ Carendra ကတော့ အခြားသူတွေအပေါ် အေးစက်တဲ့ခံစားချက်သပ်သပ်ကိုပဲ ပေးသည်။ သူ့ရဲ့ စိုက်ကြည့်လိုက်တာကို ခံရတဲ့လူတွေက သူတို့ အေးတောင် အေးခဲသွားတော့မယ့်အလား သူတို့အနားမှာ ရေခဲတမျှအေးစက်တဲ့လေထုကိုပဲ ခံစားကြရသည်။
နတ်ဘုရားနှစ်ပါးကတော့ Carendra တစ်ခုခု ရှာတွေ့သွားမှာ ကြောက်တဲ့အတွက် လှုပ်တောင် မလှုပ်ရဲကြချေ။
စိုးရိမ်သောက ရောက်နေတဲ့ နတ်ဘုရားနှစ်ပါးနဲ့ နှိုင်းယှဉ်ရင် ဖုန့်ရှီက သူ့ဆံပင်အနည်းငယ် အဖြတ်ခံလိုက်ရပေမဲ့ လုံးဝကို ကြောက်မနေ။ ထို့နောက် သူက Carendra နား ဗြောင်ပဲ ကပ်သွားပြီး ပြောလိုက်ပြန်သည်၊ "မင်း ငါနဲ့ အပြန် လိုက်ခဲ့ပြီး ဦးလေးဖြူနဲ့ တွေ့ကြည့်ပါလား? မင်းတို့နှစ်ယောက် ပထမဆုံးအကြိမ်တွေ့တာနဲ့ကို မိတ်ဟောင်း ဆွေဟောင်းတွေလို ခံစားမိသွားနိုင်တယ်၊ ပြီးတော့ သူငယ်ချင်းတွေဖြစ်လာနိုင်တယ်၊ နောက်တော့ ..." အချင်းချင်း ချစ်သွားနိုင်တယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasíaစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...