အပိုင်း ၂၀။ အချိန်စေ့ပြီ
မီးလုံးအထဲ စွမ်းအားတွေ တဖြည်းဖြည်းတိုးလာတာကို ကြည့်နေရင်း ကြက်ကိုလုံးဝ ဂရုမစိုက်ခဲ့ကြတဲ့ ယန်းမင်းနဲ့ သုန်းဖန်းလင်အာတို့ ရုတ်တရက် မျက်မှောင်ကျုံ့လိုက်တယ်။
စွမ်းအားက အဆင့်တစ်ကနေ အဆင့်ခုနှစ် အထိ ရူးလောက်အောင် တဖြည်းဖြည်း တိုးတိုးလာတယ်။ ပြင်းထန်တဲ့ မုန်တိုင်း စပြီး တိုက်လာတော့ နေရာလပ်တွေမှာ စွမ်းအားတွေနဲ့ ပြည့်နှက်သွားတယ်။ လေထုထဲက စိတ်ဝိညာဉ်စွမ်းအားဟာ မီးလုံးရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပုံရပြီး မီးလုံးကို ပိုအားဖြည့်ပေးတဲ့ ကြီးမားတဲ့လေပွေတစ်ခု ဖွဲ့တည်လာတယ်...
ဒါဟာ အဆင့်ခုနှစ်ထက်မြင့်တဲ့ အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်လား?
ယန်းမင်းနဲ့ သုန်းဖန်းလင်အာတို့ အံ့ဩလွန်းလို့ ပြောစရာတို့စကား လုံးဝပျောက်သွားရတယ်။ အမွှေးမဲ့ကြက်ဟာ သာမာန် အဆင့်မြင့်မိစ္ဆာသားရဲတစ်ကောင် ဖြစ်မယ်လို့ သူတို့ယူဆခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သားရဲရဲ့အဆင့်ဟာ အဆင့်ခုနှစ်ထက် မြင့်နေတာမျိုး တခါမှ မကြုံဖူးခဲ့ကြပေ။ ဂုဏ်သရေရှိ မြင့်မြတ်တဲ့မူးမတ်တွေတောင် အဆင့်မြင့်မိစ္ဆာသားရဲ ငါးကောင်အောက်ပဲ ပိုင်ကြတာဖြစ်တယ်။ ဒါ့ကြောင့် အဆင့်မြင့်မိစ္ဆာသားရဲတစ်ကောင်ရှိတာဟာ ဘယ်လိုတောင် အဖိုးတန်သလဲဆိုတာ မြင်နိုင်တယ်!
ယန်းမင်းနဲ့ သုန်းဖန်းလင်အာရဲ့ စွမ်းအားက အဆင့်ငါး မိစ္ဆာ သားရဲနဲ့ ညီမျှတယ်၊ ဒါပေမဲ့အခု သူတို့ တိုက်နေရတာက အဆင့်ခုနှစ်မိစ္ဆာသားရဲတစ်ကောင်ပဲ ဖြစ်တယ်။ အားပြင်းပြင်းနဲ့သာ ပြန်ခုခံနိုင်စွမ်း မရှိဘူးဆိုရင် မီးလုံးနဲ့ရိုက်မိတာနဲ့တင် သူတို့ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရနိုင်တယ်၊ ဒါမှမဟုတ် ချက်ချင်း သေတောင် သေနိုင်တယ်။
အဲ့အချိန်မှာပဲ မီးလုံးဟာ လေထုထဲက စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနေဆဲဖြစ်ပြီး ကြီးမားတဲ့အလုံးကြီးတစ်လုံးအဖြစ် ကျယ်ပြန့်လာပြီးဖြစ်တယ်။
အမွှေးမဲ့ကြက်က အဲ့လူနှစ်ယောက်ကို တုံ့ပြန်ဖို့အချိန်မပေးခဲ့။ မီးလုံးကို ၂လုံးအဖြစ် ခွဲလိုက်ပြီးနောက် အမွှေးမဲ့ကြက်ဟာ အော်ဟစ်လိုက်ပြီး ယန်းမင်းနဲ့ သုန်းဖန်းလင်အာတို့ဆီ အလျင်အမြန် ပျံသွားလိုက်တယ်...
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Фэнтезиစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...