74. Playing the Villain

1.6K 267 5
                                    

Please scroll down for Zawgyi.

အပိုင်း ၇၄။ ဗီလိန်ဇာတ်ရုပ် သရုပ်ဖော်ခြင်း

ဦးလေးဖြူက အရင်အတိုင်း ထူးမခြားနား မျက်နှာသေနဲ့ အခန်းထဲကို ချက်ချင်းဝင်လာတယ်။

ဖုန့်ရှီက ဦးလေးဖြူနဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်တဲ့အခါ သူ့ဝမ်းဗိုက်ထဲ လိပ်ပြာလေးတွေသွားနေသလို ကလိကလိ ခံစားလာရပြီး သူ့ကျောကို ကုတ်လိုက်တယ်။ ပထမဆုံး ဖုန့်ရှီက ငရဲမင်းကြီးကို သနားကမား တစ်ချက်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘုရင်ကြီးမျက်နှာပေါ်က အမူအယာက ဦးလေးဖြူလိုပဲ ဥပက္ခာတရား ရှေးရှုထားတဲ့ဟန် ပေါက်နေပေမဲ့ သူ့သဘောထားကတော့ အတော် ခိုင်မာနေပုံ ပေါ်တယ်။

ဖုန့်ရှီက ဘုရင်ကြီးမျက်နှာပေါ်က အမူအယာကို မြင်တော့ ဘုရင်ကြီးဆီကနေ သနားညှာတာမှု ထပ်ရတော့မှာ မဟုတ်ဘူးဆိုတာကို သူသိလိုက်တယ်။ အဲ့တာကြောင့် သူက အေးစက်စက်အကြည့်တွေနဲ့ သူ့ကို ကြည့်နေဆဲဖြစ်တဲ့ ဦးလေးဖြူကိုပဲ ကြည့်လိုက်ပြီး ပြောလိုက်တယ်၊

"ဦးလေးဖြူ၊ လိုအပ်လာရင်တော့ ကျွန်တော်တို့ ရပ်ရမယ်။ ကျေးဇူးပြုပြီး ကျွန်တော့အပေါ် ညှာတာပေးပါ။"

ဖုန့်ရှီက ကာရံလက်သီးကိုးချက်ကို အသုံးချနိုင်နေပြီဆိုပေမဲ့ ဦးလေဖြူရဲ့ ကျင့်ကြံမှုအခြေခံက သူ့ထက်အများကြီးပိုမြင့်မှန်း သူခံစားလို့ရနေတယ်။ ဘုရင်ကြီးက သူကဖုန့်ရှီရဲ့ ခွန်အားကို စမ်းသပ်ချင်ရုံပဲလို့ ဆိုခဲ့ပေမဲ့ တဖက်လူက သူ့ကို ယုန်လေးတစ်ကောင်လို ဆန္ဒရှိသလို တက်နင်းနိုင်တယ်လို့ သူခံစားနေရတယ်။ ဦးလေးဖြူ သူ့ကို သက်ညှာပေးပြီး အပြင်းအထန် မနာကျင်ပါစေနဲ့လို့ပဲ သူဆုတောင်းနိုင်တော့တယ်။

အဲ့စကားလုံးတွေကို ကြားတော့ ဦးလေးဖြူမျက်လုံးထဲ မှုန်မှိုင်းညို့နေတဲ့အမူအယာတို့ ပေါ်လာတယ်။ အဲ့နောက် မျှော်လင့်ချက်ပြည့်နေတဲ့ ကောင်လေးရဲ့ မျက်နှာကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ်၊ "ကျွန်တော်က ကျွန်တော်ထမ်းဆောင်ရမယ့်တာဝန်ကို အပြည့်အဝပဲ ထမ်းဆောင်မှာပါ။"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now