0. Prologue

32K 1.2K 23
                                    

Please scroll down for Zawgyi font

စကားချီး

ပျားပန်းခတ် လှုပ်ရှားနေသော လမ်းမတစ်နေရာ ထက်ဝယ်

ရုပ်ရည်ချောမော လှပတဲ့ စာသင်သားတစ်ဦး သူ့ခြေရင်းနားက ရုပ်အလောင်းကို ကြည့်ရင်း စိတ်ပျက်လက်ပျက် သက်ပြင်းချကာ လူအုပ်ကြားထဲ ဆောင့်ကြောင့် ထိုင်ချလိုက်၏။

ရုပ်အလောင်းရဲ့ မျက်နှာက ပြင်းပြင်းထန်ထန် အရိုက်ခံထားရတာကြောင့် ကြည့်ရတာ အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။ မျက်လုံးတွေကနေ သွေးစီးကြောင်းနှစ်ကြောင်း စီးကျနေပြီး နှာခေါင်းအောက်မှာလည်း နောက်ထပ်သွေးစီးကြောင်း နှစ်ကြောင်း ရှိနေကာ၊ ငါးသေတစ်ကောင်လို မျက်လုံးတွေက ပြူးကျယ်နေတာကြောင့် ကြောက်ဖို့လည်း ကောင်းသလို ရယ်ဖို့လည်း အတော် ကောင်းနေသည်ပင်။

"လမ်းလည်ခေါင် တက်လျှောက်ရတာ အတော် ကသိကအောက် နိုင်တာပဲ။ ဘာဖြစ်သွားလဲ ကြည့်စမ်း? နည်းပြတစ်ယောက်ရဲ့ ရိုက်သတ်တာကို ခံလိုက်ရပြီလေ! ဒီလို ကြောက်ဖွယ်အဆင်းနဲ့ သေသွားတော့ တကယ်လို့များ မင်းကိုသိတဲ့သူ တစ်ယောက်ယောက်က မင်းမျက်နှာကိုသာ တွေ့သွားမယ်ဆိုရင် ချက်ချင်းတောင် ပြန်ထရှင်ချင်စိတ် ပေါက်သွားမယ်။"

စာသင်သားက မြေကြီးပေါ်က ရုပ်အလောင်းကို စိတ်ပျက်လက်ပျက် ဝေဖန်လိုက်ပြီးနောက် သက်ပြင်း ထပ်ချလိုက်ပြန်၏။

"အလား... မင်းရဲ့ ရူးမိုက်မှုအတွက် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်တော့။ သူတို့ထောင်ချောက်ထဲ ဘာ့ကြောင့် ဝင်သွားရတာလဲ၊ ဘာလို့ ဇာမဏီကျောက်စိမ်းဆွဲသီးကို သွားခိုးရတာလဲ? သူတို့ မင်းကို မဖမ်းဘူး၊ ဒါပေမဲ့ မင်း နည်းပြရဲ့ အသတ် ခံလိုက်ပြီ! ဘယ်လိုတောင် ကံမကောင်းရတာလဲ!"

စာသင်သားရဲ့ မျက်လုံးတွေက ပြူးကျယ်နေပြီး လူအုပ်ကြီးကို ဆက်ပြီး လျစ်လျူရှုရင်း ထပ်ပြောလိုက်သည်၊ "ငါတောင် မင်းအတွက် ရှက်တယ်!"

အဲ့အချိန်မှာပဲ ပြည့်သူ့ဝန်ထမ်း ခြေမြန်တော်တစ်စု အဲ့နေရာကို ရောက်လာကြတယ်။ လူအုပ်က ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး လျင်မြန်စွာ လူစုခွဲလိုက်ကြတော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now