အခန်း (2) : အိမ်ပြန်လာခြင်း

8.5K 1.3K 80
                                    


အခန်း (၂) : အိမ်ပြန်လာခြင်း

ကောင်းကင်က တဖြည်းဖြည်း အမှောင်ဖုံးသွားသည်။ ဝမ်ချင်းလင်က ဇွန်ဘီအပြည့် ဖြစ်နေသည့် လမ်းပေါ် လျှောက်လှမ်းလာလိုက်သည်။ ဘယ်ဇွန်ဘီကမှ သူ့နား မကပ်လာကြပေ။ သူတို့က သူနှင့် အကွာအဝေးတစ်ခု ခြားထားကြ၏။

ဝမ်ချင်းလင်က သူတို့နှင့်အတူတူ ဖြစ်ကာ ဦးတည်ချက်မရှိ လျှောက်သွားနေလိုက်သည်။ သူက ဘယ်သွားရမှန်း မသိတော့ပေ။

ထိုစဉ် သူက လူသားတစ်ယောက် မဟုတ်တော့ကြောင်း ကောင်းကောင်း သိသွားလေသည်။ သူက ဇွန်ဘီတစ်ကောင် ဖြစ်လာခဲ့လေပြီ။

သူက လူသူကင်းမဲ့သော လမ်းမအထက်ရပ်နေရင်း စိတ်ထဲ ဗလာကျင်းနေသလို ခံစားနေမိ၏။

ကပ်ဘေးစတင်လာသည်မှာ နှစ်နှစ် ရှိသွားလေပြီ။ အစပိုင်းတွင် စစ်တပ်က အခြေအနေကို ထိန်းချုပ်ကာ အခြေစိုက်စခန်းများ တည်ဆောက်ပြီး ရှင်ကျန်သူများကို နေထိုင်စရာပေးနိုင်ခဲ့သည်။ သို့သော် ဇွန်ဘီများက မရေတွက်နိုင်လောက်အောင် များပြားလာသည့်အခါ အခြေစိုက်စခန်းများက ဇွန်ဘီးကျူးကျော်မှုကို မခံနိုင်ကြတော့ပေ။

ကပ်ဘေးစပြီး တစ်လအကြာတွင် နိုင်ငံရှိ စက်အားလုံး ရပ်တန့်သွားကာ တစ်ကမ္ဘာလုံး ထိန်းချုပ်မှုကင်းလွတ်သွားခဲ့သည်။ အသက်ရှင်ကျန်သူများက အသက်ဆက်ရှင်ဖို့ သူတို့ဘာသာ မှီခိုအားထားကြရသည်။

ကပ်ဘေးစပြီး သုံးလအကြာတွင် ပထမဆုံး စွမ်းရည်နိးထသူ ပေါ်လာခဲ့သောကြောင့် လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်လေး ဖြစ်ခဲ့ရ၏။ သို့သော် ထိုမျှော်လင့်ချက်လေးက လူသားများ စွမ်းရည်နိုးထလာစဉ် ဇွန်ဘီများနှင့် သန္ဓေပြောင်း သက်ရှိများကလည်း ဆက်လက် ဆင့်ကဲပြောင်းလဲနေကြောင်း သိလိုက်ရသည့်အခါ စိတ်ဓာတ်ကျလာရပြန်သည်။

ဆေး ဖန်တီးမှ ဖြစ်ပေမည်။ မဟုတ်ပါက လူသားမျိုးနွယ်တွင် အနာဂတ် မရှိနိုင်ချေ။

ဇွန်ဘီဗိုင်းရပ်က ဆက်တိုက် ဆင့်ကဲ ဖြစ်ပေါ်နေသောကြောင့် ဆေးကို အောင်အောင်မြင်မြင် သုတေသနလုပ်ဖို့ မဖြစ်နိုင်သလောက် ဖြစ်နေသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now