အခန်း(၈၁)

3.8K 679 1
                                    


အခန်း (၈၁)

မြောင်ပိုက ဟန့်တားနေသည်များကို လျစ်လျူရှုကာ ရှေ့တည့်တည့်သို့ လမ်းလျှောက်သွားလိုက်သည်။ တခြားသူများလည်း ရွေးချယ်စရာမရှိတော့ဘဲ အချိန်မရွေး တိုက်ခိုက်နိုင်အောင် သတိဖြင့် စောင့်ကြပ်နေသည်။

အကျဉ်းသားလေးယောက်က မြောင်ပို လူကိုယ်တိုင်လာသည်ကို တွေ့လိုက်ရသည့်အတွက် မြောင်ပို ပြန်သွားဖို့ အော်နေပြီး သူတို့ကို လက်စားချေဖို့ နောက်ထပ် လူများကို အော်ခေါ်နေသည်။

သူတို့၏ အော်ဟစ်မှုများကြောင့် ဝမ်ချင်းလင် ခေါင်းကိုက်စွာဖြင့် ပြောလိုက်သည်

"ဇွန်ဘီဖြစ်မှာကို တကယ် မကြောက်ကြဘူးလား။ ဇွန်ဘီတွေကို နိုးထသွားစေချင်လို့လား"

" ဒေါက်တာဝမ် ကျွန်တော် ဘာပြောရမလဲ။ သူတို့ကို မခြောက်ပါနဲ့ဗျာ" မြောင်ပိုက ဝမ်ချင်းလင် ထိုင်နေသော ကားနှင့် ခြေလှမ်းအနည်းငယ် ကွာဝေးသည့်နေရာတွင် မတ်တပ်ရပ်လိုက်သည်။

ဝမ်ချင်းလင်က ကားခေါင်မိုးပေါ်တွင် ထိုင်နေရင်း ပြောလိုက်သည်

" ငါ မလုပ်ပါဘူး။ ငါတို့ကလည်း သင့်မြတ်တဲ့သူတွေပါ။ ဒီကိုလည်း မင်းတို့နဲ့ ညှိနှိုင်းဖို့ လာတာပါ။ ဒါပေမဲ့ အခြေစိုက်စခန်းကို မရောက်သေးဘူး။ တစ်ယောက်ယောက်က သတ်ချင်နေတဲ့ပုံပဲ။ မကောင်းဆိုးဝါးတွေက ငါတို့ကို သတ်နိုင်တယ်လို့ ထင်နေတယ်မလား"

မြောင်ပိုက စိတ်ထဲတွင် အပြစ်တင် ပြောဆိုနေသည်။ လာမည့်သူက သူတို့မှန်းသာ သိပါက သူ ယခုလို လုပ်မည် မဟုတ်ပေ။ သူကိုယ်တိုင် လာပြီး ဝမ်ချင်းလင်နှင့် စကား ပြောမည်ဖြစ်သည်။ ယခုတော့ သူတို့က ပထမဆုံး လုပ်ကြံလိုက်မိသည်။

သူတို့က အရမ်း မမောက်မာသော်လည်း....

" ဝမ်ချင်းလင် ...စိတ်အနှောင့်အယှက် မဖြစ်ခံပါနဲ့။ ဒါက ကျုပ်တို့အတွက် လုံခြုံအောင်လို့ ခုခံရတာပဲ။ ကျုပ်တို့က ကုန်လှောင်ရုံကို စောင့်ရှောက်ရတာဆိုတော့ အစစအရာရာ ဂရုစိုက်ဖို့ လိုတယ်။

မြောင်ပိုက ပြောလိုက်သည်

" မကောင်းဆိုးဝါးက မင်းကို မခြိမ်းခြောက်နိုင်ဘူးလို့လည်း ပြောတယ်နော်။ ဒါပေမဲ့ အဲဒါက ကျက်သရေ မရှိဘူးဆိုပေမဲ့ မင်းတို့က အရင် လာရှုပ်ရင် ငါတို့လည်း ပြန်ပြီး လက်စားချေရမှာပဲ။"

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now