အခန်း(၉၂)

3.3K 553 5
                                    


အခန်း (၉၂)

ဝမ်ချင်းလင်က ကားကို အဝေးတစ်နေရာမှာ ရပ်ထားခဲ့သည်။ သူက ဆင့်ကဲအလောင်းခွေးအား ရွံ့ရှာမိ၏။ ပုတ်သိုးနေသည့် အသားနှင့် သွေးများကို ကြည့်ကာ မသေမချင်း ပိတ်ရိုက်ချင်မိသည်။

ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့ ကားထဲမှ ထွက်လာသည်နှင့် ဦးလေးရှုန်း၏ အော်သံကို ကြားလိုက်ရသည်။ အလောင်းဝံပုလွေ၏ ခေါင်းကို ဆင့်ကဲအလောင်းခွေးက ကိုက်သွားစဉ် နောက်ထပ် အလောင်းဝံပုလွေက အလျှင်အမြန် ရောက်လာသည်။

ဦးလေးရှုန်းပေါ် ခြေသည်းဖြင့် ကုတ်သွားသောကြောင့် အော်လိုက်ရခြင်း ဖြစ်သည်။ စုတ်ပြတ်သွားသည့် အလောင်းဝံပုလွေက အခြားအလောင်းဝံပုလွေကို ဆင့်ခေါ်လိုက်သည်။ အလောင်းဝံပုလွေက မြေပြင်ပေါ် ရုန်းကန်နေပြီး ထဖို့ ကြိုးစားသော်လည်း ကျရှုံးနေရသည်။

ဦးလေးရှုန်းက နာကျင်မှုကို တောင့်ခံကာ စွမ်းရည်ကို မြန်မြန် ရုတ်သိမ်းလိုက်ပြီး အလောင်းဝံပုလွေကို လက်လျော့လိုက်သည်။ သို့သော် ဒီလိုဆိုလျှင်ပင် စွမ်းရည်တန်ပြန်သက်ရောက်မှုက သူ့နှာခေါင်းနှင့် ပါးစပ်ထောင့်မှ သွေးများစီးကျလာကာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်စေသည်။

တစ်ခုတည်းသော ကျန်ရှိနေသည့် အလောင်းဝံပုလွေက ဦးလေးရှုန်း လက်အောက်တွင် မရှိတော့ဘဲ ဆင့်ကဲအလောင်းခွေးသားရဲ၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရသောကြောင့် လှည့်ထွက်ပြေးသွားတော့သည်။

ဝမ်ချင်းလင် ရှန်းရှန့်စခန်းဆီ ပို့ထားသည့် စစ်သားများက ဒီမှာမရှိပေ။ အလောင်းသားရဲကို သတ်နေကြသူများက ရှန်းရှန့်စခန်းမှ လူများသာ ဖြစ်ကြ၏။

သေနတ်ပစ်သူများကလည်း သေနတ်အချက်များစွာ ပစ်ခတ်နေသော်လည်း ပစ်မှတ်ကို မထိကြပေ။ ဆင့်ကဲအလောင်းခွေးက ခုန်နိုင်၏။ ချန်းပိုဟိန်က သူ့လက်ထဲမှ သတ္တုလှံဖြင့် ပစ်လိုက်သည့်အချိန် ဆင့်ကဲအလောင်းခွေးက အေးအေးဆေးဆေး ရှောင်ရှားသွားလေသည်။

ဆင့်ကဲအလောင်းခွေး မြေပေါ် ပြန်ဆင်းလာသည့်အခါ ဖန်ရှန်းလုံက မြေချုပ်နှောင်ခြင်းကို တန်းထုတ်သုံးကာ ခွေး၏ ခြေလေးချောင်းလုံးကို ချုပ်နှောင်ထားလိုက်သည်။ ထိုစဉ် သေနတ် ပစ်ခတ်လိုက်သည်။ ဤတစ်ကြိမ် သူက ခေါင်းကို ပစ်လိုက်သော်လည်း ကံဆိုးစွာဖြင့် လွဲချော်သွားရသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now