အခန်း (၁၀၁)
ဝမ်ချင်းလင်က ကားထဲမှ ထွက်တော့မည့်ဆဲဆဲတွင် ယွီကျင်းဟွေ့ဆီ လမ်းလျှောက်လာပြီး အဖွဲ့ကို ဦးဆောင်လာသည့် လူတစ်ယောက်ကို ရုတ်ချည်း မြင်လိုက်ရသည်။
" အစ်ကိုဟွေ့က ဘယ်လိုလုပ် ကိုယ်တိုင်ရောက်လာတာလဲ။ အစ်ကိုဟွေ့ သန္ဓေပြောင်းကြောင် လိုချင်နေမှန်း သိလို့ ဒီမှာ ကြောင်ရှိတယ်ကြားတာနဲ့ ကျွန်တော် ချက်ချင်း ပြေးလာတာ။ အစ်ကိုဟွေ့အတွက် ဝယ်ပြီး ပို့ပေးမလို့ပဲ "
" အင်း ... ရှောင်ကျန်း အရင်တစ်ခါ မင်း ပေးတဲ့ လက်ဆောင်ကို ငါ သဘောကျတယ်" ယွီကျင်းဟွေ့က ကြည့်ကောင်းသောကြောင့် သူ့အစ်မဖြစ်သူက အတော်လေး ချောမောသည်သာ ဖြစ်ရမည်။ မဟုတ်ပါက သူ့အနေနှင့် နျဲ့အိမ်တော်ထဲ ဝင်ရောက်နိုင်မည် မဟုတ်ချေ။
အရပ်ရှည်ရှည်နှင့် ဗလာအပြည့် ကျန်းရှင်းက ပြုံးလိုက်ကာ " အစ်ကိုဟွေ့က ကြိုက်တယ်ဆိုတော့ ကျွန်တော် ဒီကြောင်ကို အရင်ယူသွားလိုက်ပါ့မယ်။ အိမ်မွေးတိရစ္ဆာန်တွေက မနာခံရင် ဘယ်လိုအိမ်မွေးတိရစ္ဆာန်မျိုး ဖြစ်မှာလဲ။
ဒီသန္ဓေပြောင်းသားရဲတွေက အတော်ခက်ထန်တယ်။ ကျွန်တော် ခေါ်လာတဲ့လူတွေကို ကြည့်လိုက်ပါဦး။ ကျွန်တော် ဒီဟာကို မထိန်းနိုင်မှာ စိုးလို့ လူတစ်ချို့ ခေါ်လာရတာ။ အစ်ကိုဟွေ့ စိတ်မပူပါနဲ့။ ကျွန်တော် အစ်ကိုဟွေ့အတွက် ဒီကြောင်ကို လေ့ကျင့်ပြီးတာနဲ့ ပြန်ပို့ပေးလိုက်ပါ့မယ် "
ယွီကျင်းဟွေ့က အနည်းငယ် အံ့ဩသွားဟန်ဖြင့် "မင်းက တိရစ္ဆာန်တွေကို လေ့ကျင့်ပေးနိုင်တယ်လား "
ကျန်းရှင်းက ပြုံးကာ " ဘယ်ဟုတ်ပါ့မလဲဗျာ။ ကျွန်တော့်ကောင်မလေး ပေယာက တိရစ္ဆာန်တွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းရည်ရှိတယ်လေ"
ကျန်းရှင်းက ပေယာ နောက်ကျောကို အသာပုတ်လိုက်စဉ် ပေယာက ရှေ့တိုးလာသည်။
ထို့နောက် သူမက ခေါ်လိုက်၏ "အစ်ကိုဟွေ့ရဲ့ တိရစ္ဆာန်လေးကို အကောင်းဆုံး ကြိုးစားလေ့ကျင့်ပြီးတော့ ပြန်ပို့ပေးပါ့မယ် "
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်