အခန်း (၁၃၈)
လေထီးဖြင့် ခုန်ချခဲ့သည့် ပိုင်းလော့နှစ်ယောက်က မြေပြင်နှင့် သိပ်မဝေးသည့်နေရာတွင် ဆင်းသက်ခဲ့သည်။ သူတို့က အဆောက်အဦး၏ ခေါင်မိုးပေါ်သို့ ကျဖို့အတွက် ဦးတည်ဖက်ကို ထိန်းချုပ်ဖို့ အစွမ်းကုန် ကြိုးစားနေသည်။ မြေပြင်ပေါ်သာ ကျသွားပါက ဇွန်ဘီများ၏ အစာ ဖြစ်သွားမည်။
ရှုကွမ်းက ခေါင်မိုးပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီးနောက် လေထီး၏ ရှေ့သို့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။ သူ အလျင်အမြန် လေထီးကို ဖယ်ထုတ်လိုက်၍သာ လေထီးက လေယိမ်းရာ ပါသွားပြီး လူက ခေါင်မိုးပေါ်မှာ ကျန်နေခဲ့ခြင်း ဖြစ်သည်။
ဘန်ဆန်၏ ကံက အရမ်းမကောင်းပေ။ ဆင်းသက်သည့်နေရာက ခေါင်မိုးအစွန်းနှင့် အရမ်းနီးနေသည်။ လေတိုက်သည့်အခါ လေထီးနှင့် နောက်သို့ ပြန်ပါသွားသည်။ သူ အလျင်အမြန် ချိတ်ထားသည်ကို ဖြုတ်လိုက်သော်လည်း ပြင်းထန်သော ဆွဲအားကြောင့် ပြုတ်မသွားပေ။ သူ ဆွဲခေါ်သွားခံရသည့်အတွက် စိတ်တိုစွာဖြင့် ကျိန်ဆဲလိုက်ပြီး ခေါင်မိုးပေါ်မှ ပြုတ်ကျသွားသည်။
ရှုကွမ်း ကူညီချင်သော်လည်း အရမ်းနောက်ကျသွားပြီ ဖြစ်သည်။ အောက်ဘက်တွင် ဇွန်ဘီများဖြင့် ပြည့်နှက်နေသည့်အတွက် သူတို့သာ ပြုတ်ကျသွားပါက အရိုးပင် ကျန်မည် မဟုတ်ပေ။
ဘန်ဆန်၏ ကြောက်လန့်တကြားအော်သံ ထွက်ပေါ်လာပြီးနောက် ဇွန်ဘီများ စားတာကို ခံရတော့မည်ဟု ထင်သည့်အချိန် လေထီးက ခေါင်မိုးအစွန်းနှင့် သွားငြိနေသည်။
အောက်မှာ အော်နေသော ဇွန်ဘီများကို ကြည့်ကာ ဘန်ဆန် အကျယ်ကြီး အော်ရယ်လိုက်မိသည်။
သူက ခေါင်းမော့ကာ အပေါ်ကို အော်ပြောလိုက်သည်
" ဟေး ဘရို ကူညီပါဦး"
ရှုကွမ်းက ကြမ်းတမ်းပြီး နေရာတကာ ဝင်ပါတတ်သည့် နိုင်ငံခြားသားများကို မနှစ်သက်သော်လည်း သူ့ရှေ့မှာ လူသေသွားမှာကို ထိုင်ကြည့်မနေနိုင်ပေ။
သူက လေထီးကြိုးကို ဆွဲကာ အပေါ်သို့ ဆွဲတင်လိုက်သည်။
ဘန်ဆန်က ဆေးသုတ်ထားသော အဆောက်အဦးပေါ်တွင် ထိုင်နေကာ အောက်ဘက်ရှိ မရေတွက်နိုင်သော ဇွန်ဘီများကို ကြည့်ကာ ပြောလိုက်သည်
STAI LEGGENDO
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Azioneeng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်