အခန်း(၆၆)

4.3K 781 4
                                    


အခန်း (၆၆)

ဝမ်ချင်းလင် ထွက်လာခဲ့စဉ်အခါက ညီအစ်မနှစ်ယောက်နှင့် သွေးအလောင်းကောင်တို့အား သတိကြီးကြီးထားဖို့ မှာခဲ့သည်။

သားက စခန်းမှာမရှိသည့်အခါ ဖေဖေဝမ်နှင့် မေမေဝမ်တို့က ဇွန်ဘီယဉ်များကို ကင်းစောင့်အဖွဲ့အဖြစ် ဖွဲ့စည်းဖို့ တွေးလိုက်ကြသည်။ အဖွဲ့တွင် စစ်သားများလည်း ပါဝင်လေသည်။ စစ်သားများကို ဝမ်ချင်းလင်က ပြောင်းပေးထားခြင်း ဖြစ်သည့်အပြင် သူတို့၏ အရည်အချင်းက ပြောင်မြောက်လွန်းပီး သေနတ်ကိုယ်စီလည်း ရှိထားကြသည်။ ပြောရလျှင် သူတို့ကို ခိုးကြောင်ခိုးဝှက်တိုက်ဖို့ သိပ်မလွယ်လှပေ။

ကျန်းလန်နှင့် ဝမ်ကျန်းတို့က လူငါးယောက် တစ်ဖွဲ့စီ ဖွဲ့ဖို့ ဆွေးနွေးလိုက်ကြသည်။ တစ်ဖွဲ့ချင်းစီကို ကားဖြင့် လင်းချန်တစ်ဝိုက် စောင့်ကြပ်စေသည်။ အဖွဲ့တွင် လက်နက်ခဲယမ်း အပြည့်အစုံ ပါရှိလေ၏။ သူတို့ကို ဘယ်သူကများ တိုက်ခိုက်ရဲမည်နည်း။

ဝမ်ချင်းလင်၏ စိတ်စွမ်းအား မရှိသောကြောင့် သူတို့က ကိုယ်တိုင်ကိုယ်ကျ ကင်းလှည့်ရုံသာ တတ်နိုင်ကြသည်။ ကံကောင်းစွာဖြင့် အခြေစိုက်စခန်းတွင် ဇွန်ဘီယဉ် တစ်သောင်းကျော်ရှိပြီး အရေအတွက်ကလည်း နေ့တိုင်း တိုးမြင့်လာနေသည်။ ကျန်တချို့က ဇွန်ဘီများသာ ဖြစ်၏။ သူတို့က ဘာများကြောက်နေရမည်နည်း။

ဝမ်ချင်းလင် ထွက်သွားပြီး တစ်နာရီလောက်အကြာတွင် ကင်းစောင့်အဖွဲ့က နန်းချန်အပြင်ဘက်နား ချုံးချုံးကျနေသည့် ကုန်တင်ကား တစ်စီးကို တွေ့လိုက်ကြသည်။ ထိုကုန်တင်ကားက နန်းချန်ဆီ အတင်းမောင်းလာပြီး နောက်မှ ဇွန်ဘီများလည်း ပါရှိ၏။ အခြေအနေက ပြင်းထန်လှသည်။

ကင်းစောင့်အဖွဲ့က ရပ်လိုက်ပြီး နန်းချန်ဝင်ပေါက်နား စောင့်နေလိုက်ကြသည်။ ကုန်တင်ကားအိုကြီးက အနီးအထိ မောင်းနှင်လာခဲ့ပြီး ရပ်တန့်သွားသည်။ ထိုအခါမှ ဇွန်ဘီများလည်း ရပ်တန့်သွားလေသည်။ သူတို့က အားကောင်းသည့်သူများနှင့် တွေ့လိုက်ရသည့်အခါ ချက်ချင်း ရှောင်ရှားသွားကြသည်။ ကားထဲမှ တစ်ယောက်က လှမ်းအော်လိုက်သည် " ကယ်ကြပါဦး ကယ်ကြပါဦး။ ဒေါက်တာဝမ် ရှိလား။ ငါတို့စခန်း ဇွန်ဘီ အကိုက်ခံရပြီးတော့ ကူးစက်ခံထားရလို့ပါ။ ဒေါက်တာဝမ်ရဲ့ အကူအညီကို လိုတယ်။ ငါတို့မှာ အမြုတေ ရှိပါတယ်။ ဒီမှာ အမြုတေတွေ ပါပါတယ် "

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora