အခန်း (၁၀၅)
ပေယာက အပြင်မှ မြန်မြန် ပြေးဝင်လာသည်။
ကျန်းရှင်းက အဖွဲ့သားများနှင့် ကိစ္စများ ဆွေးနွေးတိုင်ပင်နေဆဲ ဖြစ်ပြီး သူမ ဒီလိုပြေးဝင်လာသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။
ပေယာ၏ မျက်နှာက ဖြူဖျော့နေကာ "ယွီကျင်းဟွေ့ သေသွားပြီတဲ့။ သိလား "
ကျန်းရှင်းက ပြောလိုက်သည် "အင်း "
ထို့ကြောင့် သူက အဖွဲ့သားများခေါ်၍ ဆွေးနွေးနေရခြင်း ဖြစ်သည်။
ပေယာ၏ မျက်နှာက ပိုမို ဖြူဖျော့သွားကာ " မီယန်နဲ့ လော့ဖုန်းကြွယ်တို့ကို ကယ်ထုတ်သွားတယ်ဆိုတာရော သိထားလား။ သူတို့က ဘယ်သူတွေလဲ။ သူတို့က ယွီကျင်းဟွေ့ကိုတောင် သတ်ပစ်ရဲတယ်ဆိုတော့ ကျွန်မတို့ကို လာရှာမှာ မဟုတ်ဘူးမလား "
ကျန်းရှင်းက အဖွဲ့ကို အကြည့်ဖြင့် ထွက်သွားဖို့ အချက်ပြလိုက်သည်။
အားလုံး ထွက်သွားပြီးနောက် ကျန်းရှင်းက " သူတို့မှာ ဆွေမျိုးတွေ သူငယ်ချင်းတွေ မရှိတော့ဘူးလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ အခု သူတို့ကို ဘယ်သူကယ်သွားတာလဲ "
ပေယာက စိုးရိမ်ပူပင်စွာဖြင့် " ကျွန်မ ဘယ်လိုလုပ်သိမှာလဲ။ အစကတည်းက မေးခဲ့တာပဲ။ သူတို့မှာ ဆွေမျိုးတွေ မရှိတော့ရယ်၊ စခန်းဖျက်စီးခံလိုက်ရတာမလို့ အလယ်ပိုင်း ဧရာမမြို့တော်ဆီ ရောက်လာတာတဲ့။ ဒီမှာ အသိအကျွမ်း မရှိဘူး။ သူတို့ကို တစ်ယောက်ယောက် ကယ်သွားဖို့ မဖြစ်နိုင်ဘူး "
" ဒါပေမဲ့ သူတို့ကို ကယ်သွားတဲ့အပြင် ယွီကျင်းဟွေ့ကိုလည်း သတ်သွားတယ်။ ပြီးတော့ နယ်မြေ(၆)က လူအများကြီး လိုက်ဖမ်းနေတာတောင် လွတ်သွားတယ်။ အဲဒါ ဘာအဓိပ္ပါယ်ဖြစ်မလဲ "
ကျန်းရှင်းက ပေယာအား အမုန်းတရား အပြည့် ဖြစ်နေသည်။ သူတို့လက်စားလာချေလျှင် သူက ပေယာကို စွန့်လွှတ်ပစ်လိုက်မည်။ အရာအားလုံးက ပေယာ လက်ချက်သာ ဖြစ်ပြီး သူနှင့် မဆိုင်ပေ။
ကိစ္စများက ဒီလောက် မရိုးရှင်းမည်ကို စိုးရိမ်မိသည်။
ကျန်းရှင်းက ထိုလူ၏ အသံကို အာရုံစိုက်မိနေသည်။ သူက မျက်နှာဖုံးတပ်ထားသောကြောင့် အသံက နည်းနည်းဗလုံးဗထွေး ဖြစ်နေသော်လည်း အသံကို ကြားဖူးပြီး အတော်လေး ရင်းနှီးနေကြောင်း ခံစားနေရသည်။
KAMU SEDANG MEMBACA
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Aksieng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်