အခန်း (၁၁)

6.6K 1.1K 13
                                    

အခန်း (၁၁) : တွေ့ဆုံမှု

ကျိရုန်က ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း “လောင်တရဲ့ သုံးချက်သမားဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွတ်လိုက်ပြီလား”

ရှစ်ချုံးက မေးလိုက်သည် “သူ့စွမ်းရည်က ဘာများလဲ။ ဘယ်လိုလုပ် အများကြီးရှိနေရတာလဲ”

ထိုစဉ် သုံးယောက်လုံးက သုံးစက္ကန့်လောက် ရပ်တန့်သွားကြသည်။ အကယ်၍ ဝမ်ချင်းလင်သာ သူတို့ကို သတ်လိုလျှင် အောင်မြင်လောက်၏။

ကျိရုန်က ထုံထိုင်းထိုင်း အခြေအနေတွင် ရှိနေဆဲ ဖြစ်၏ “ ဒီလူက အရမ်းမိုက်တယ်။ လောင်တ ငါတို့ သူကို ပြန်ခေါ်သွားရအောင်လေ ”

ရှောင်ဟန်က သူ့အား ကြည့်ကာ “မင်းက အဲလိုလုပ်နိုင်လို့လား ”

ကျိရုန်က စတင် ငြီးငြူလိုက်သည် “လောင်တ တစ်ယောက်လုံးရှိနေတာပဲကို ”

ရှောင်ဟန်က တိတ်ဆိတ်လျက်သာ နေနေသည်။ သူ့တွင် အမှန်တကယ် ယုံကြည်ချက် မရှိပေ။ ဤလူက ထူးခြားလွန်းလှသည်။

သူ့အကြည့်တို့က ခဏတာ အေးခဲသွားလေသည်။ ခဏအကြာတွင် ကျိရုန်နှင့် ရှစ်ချုံးတို့လည်း ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။

ဟယ်လင်း ပထမဆုံး မြင်လိုက်သည်ကား ဤမြင်ကွင်း ဖြစ်၏။
“မင်းတို့ကောင်တွေ သစ်သားစွမ်းရည်ပိုင်ရှင်ကို သွားရန်စထားကြတာလား ”

ကားဘီးလေးခုလုံး သစ်သားချွန်များဖြင့် မြေကြီးထဲ ထိုးစိုက်ခံထားရသည်။

ဝမ်ချင်းလင်က အမှန်တကယ် ကြမ်းတမ်းလှသည်။ သူ မောင်းခဲ့သည့် ကားပင် အတူတူ ဖြစ်နေပြီး လေးယောက်အဖွဲ့အား ခြေလျင်သာ လျှောက်သွားစေဖို့ ဖိအားပေးထားခဲ့သည်။

ကျိရုန်က ပြောလိုက်သည် “လောင်တက တကယ်ကြီး ရန်စလိုက်တာပဲ။ ဒီတစ်ကြိမ် ငါတို့ဘီးတွေကိုပဲ လုပ်သွားပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ ငါတို့ခန္ဓာကိုယ်ကို လုပ်မသွားလောက်ဘူးလား ”

ရှောင်ဟန်က တောင်ပိုင်းမြို့ကို လှမ်းကြည့်လိုက်သည်။ ဝမ်ချင်းလင်၏ ပုံရိပ် ပျောက်ကွယ်သွားတာ ကြာမြင့်နေလေပြီ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora