အခန်း(၁၃၀)

2.1K 350 2
                                    


အခန်း (၁၃၀)

ဝမ်ချင်းလင်က အတွင်းပိုင်းမြို့ဆီ မသွားဘဲ ဆေးခန်းဆီသာ သွားလိုက်သည်။ သူ့ဘေးတွင် အစောင့်ပင် မရှိနေချေ။ ဆေးခန်းက ဗလာကျင်းနေပြီး ဝမ်ချင်းလင် တစ်ယောက်တည်းသာ ရှိ၏။

ယွမ်ချန်းက အတိမ်အနက်ကို မသိဘဲ ဝမ်ချန် မြို့အရှင်က ကောလဟာလများအတိုင်း အလွန်ငယ်ရွယ်ပြီး မြို့အရှင်နှင့် မတူကြောင်း ခံစားမိလိုက်သည်။ သူက သူ့ဘာသာ မိတ်ဆက်လိုက်ပြီးနောက် မြို့အရှင်ဝမ်ကို သူ့အား အဘယ်ကြောင့်ရှာနေလဲဟု မေးလိုက်သည်။

ယွမ်ချန်းက ပြောနေစဉ် ဝမ်ချင်းလင်၏ မျက်လုံးကို စိုက်ကြည့်နေသည်။ ဝမ်ချင်းလင်လည်း စကားပြောလျှင် အကြည့်ချင်းဆုံပြောရသည်ကို နှစ်သက်၏။ အကြောင်းမှာ သူက တစ်ဖက်လူ၏ စိတ်နှင့် အတွေးများကို ပိုမို အာရုံခံနိုင်၍ ဖြစ်သည်။

ဝမ်ချင်းလင်က ပြောလိုက်သည် "မင်းရဲ့ ညီအစ်ကိုဝမ်းကွဲကို မင်းဆီ ယွဲ့ရှန့်စခန်း ပေးဖို့ ဘယ်လိုများဖျောင်းဖျခဲ့လဲ သိချင်မိသား "

ယွမ်ချန်းက ပြုံးကာ " ကျုပ်တို့နှစ်ယောက်လုံးက ငယ်ငယ်လေးကတည်းက ဆက်ဆံရေးကောင်းတယ်။ တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့ ကိုယ့်လမ်းကို ရွေးချယ်ခဲ့ကြပြီးတော့ ကိုယ့်အလုပ်နဲ့ကို အလုပ်များနေကြတာ။ ကမ္ဘာ့ပျက်ကပ်စတော့ ဒီကမ္ဘာမှာ ဆွေမျိုးတွေ မကျန်တော့ဘူး ထင်ထားတာ။ သူနဲ့ တစ်ယောက်ကို တစ်ယောက် အသက်ရှင်ရက် ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။

လင်းချန်က အခြေအနေကို ကြားတော့ စခန်းကနေ ထွက်လာကြတာ။ ဒီရောက်တော့ ရှုရှန့်နဲ့ ရှန်းရှန့်မှာ လူအပြည့် ဖြစ်နေပြီးသား ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ အိမ်တွေက ပြွတ်ကျပ်နေပြီ။ ဒီကိုလာတုန်း ယွဲ့ရှန့်ကို ဖြတ်လာရတော့ စခန်းတစ်ခုရှိတာကို သတိထားမိလိုက်တာ။ အဲဒါနဲ့ ကျုပ်တို့ဘာသာ အရင်ဆုံး အခြေချလိုက်မယ်လို့ စီစဉ်လိုက်ကြတာ။

နောက်ပိုင်း ယွမ်လီက ရုတ်တရက် ရောက်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် အသက်ရှင်နေမှန်း မသိခဲ့ကြတော့ အရမ်းပျော်သွားကြရော ... အဲဒါနဲ့ သူ့ကို ဒီကအခြေအနေတွေကို ပြောပြလိုက်တယ်။ သူက ဝမ်ချန်ကို ခေါ်ပေမဲ့ ဝမ်ချန်ရဲ့ စည်းမျဉ်းတွေကြောင့် တစ်ယောက်တည်းပဲ လာလို့ရတယ်တဲ့။ ကျုပ်နဲ့ အတူတူပါလာတဲ့ အသက်ရှင်ကျန်သူတွေကို ခေါ်လာလို့ မရဘူး။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now