အခန်း (၁၃၇)
ဝမ်ချင်းလင်က သူ့ဘေးတွင် ထွက်ပေါ်လာသည်။
ရှောင်ဟန်က သူ့ကို ကျောပေးကာ လျစ်လျူရှုထားပြီး ပေါင်းပင်များကို ထပ်ရှင်းနေသည်။
ဝမ်ချင်းလင်က ပြောလိုက်သည်
" ငါ့ရဲ့ စစ်မှန်တဲ့ ဘုရင် ရာထူးက စော်ကားခံလိုက်ရပြီ"
ရှောင်ဟန်က သူ့ကို ဆက်လက် လျစ်လျူရှုထားပြီး ခံစားချက် မရှိသည့် မြက်ရိတ်သမားကဲ့သို့ ပြုမူနေသည်။
ဝမ်ချင်းလင်က သူ့နောက်တွင် လမ်းလျှောက်နေရာမှ လည်ပင်းကို ဆန့်ကာ ရှောင်ဟန်၏ မျက်နှာထားကို ကြည့်ရင်း ပြောလိုက်သည်
" သန္ဓေပြောင်းပြီးတော့ ပိုချောလာတာပဲ"
ရှောင်ဟန်၏ မြက်ရိတ်ခြင်း အပြုအမူက ခဏတာ ရပ်တန့်သွားကာ မပြုံးမိအောင် ထိန်းပြီးနောက် ဂရုမစိုက်သည့်ပုံစံဖြင့် မြက်ကို ဆက်ရိတ်နေသည်။
ဝမ်ချင်းလင်က သက်ပြင်းချကာ ပြောလိုက်သည်
" ငါ့ရဲ့ ဘုရင်တစ်ပိုင်းလေး မျိုးရိုးဗီဇက တကယ်ကို အားကောင်းတာပဲ။ သူ့ရဲ့ ဒေါသထွက်နေတာတောင် ချောမောတဲ့ မျက်နှာလေးကို ကြည့်ပါဦး"
ရှောင်ဟန် "..."
ရှောင်ဟန်က ပျောက်ကွယ်သွားကာ တခြားတစ်ဖက်ရှိ မြို့တံတိုင်းပေါ်တွင် ပြန်လည်ထွက်ပေါ်လာကာ ဆက်လက် မြက်ရိတ်နေသည်။
ဝမ်ချင်းလင်က နောက်မှ လိုက်သွားကာ ပြောလိုက်သည်
" ဒီမြက်တွေက မင်းကို ဘာလုပ်လို့ မင်းက သူတို့ကို ထိခိုက်စေချင်နေရတာလဲ"
ရှောင်ဟန်က မြို့တံတိုင်းတစ်လျှောက် လမ်းလျှောက်သွားရင်း ပေါင်းပင်များကို သေစေသည်။
သူက လေဟာနယ်စနစ်၏ စွမ်းအားများအားလုံးကို ရရှိထားသည့်အတွက် သူ့ခြေထောက်ကို အသုံးပြုကာ လမ်းလျှောက်ဖို့ လုံးဝ မလိုတော့ပေ။ သူက ဝမ်ချင်းလင် သူ့နောက်သို့ လိုက်အောင်သာ လုပ်နေခြင်း ဖြစ်သည်။
ဝမ်ချင်းလင်ကလည်း သူ့ကို အလျင်အမြန် လိုက်မှီသည်။
သူ နားမလည်သည့်အတွက် မေးလိုက်သည်
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်