အခန်း (၄) : ပင်ကိုယ်အသိစိတ်
ဝမ်ချင်းလင်က မျက်လုံးများ ပွင့်လာလေသည်။ သူက အိပ်ပျော်သွားသလိုမျိုး သူ့အသိစိတ်က တောင်ပိုင်းမြို့၏ လမ်းများနှင့် လမ်းသွယ်များထက် လွှင့်မျှောနေကာ တောင်ပိုင်းနယ်မြေ၏ အဖြစ်အပျက်များကို မြင်လိုက်ရသည်။
လော့ဖုန်းကြွယ်က ဒဏ်ရာရသွားခဲ့သည်။
ရှုရှန်ဖေးက လော့ဖုန်းကြွယ်ကိုလည်း တူညီစွာ လုပ်ကြံခဲ့သည်။ ရှုရှန်ဖေးက သူ့အား လုပ်ကြံခဲ့ပြီးနောက် သူ့ကို ဇွန်ဘီအုပ်ထဲ ချက်ချင်း တွန်းချခဲ့ပြီး တခြားသူများက ထွက်ပြေးသွားခဲ့သောကြောင့် ရှုရှန်ဖေး၏ တိုက်ခိုက်မှုကို မမြင်လိုက်ကြပေ။ ဆိုလိုသည်မှာ ယခု လော့ဖုန်းကြွယ်ကို ခိုးကြောင်ခိုးဝှက် လုပ်ကြံမှုအတွက် မည်သူမှ သတိထားမိကြမည် မဟုတ်ပေ။
ဝမ်ချင်းလင်က မတ်တတ်ရပ်လိုက်သည်။ ကြမ်းပြင်ပေါ်တွင် ကျန်းလန်နှင့် ဝမ်ကျန်းတို့က တရေးတမော အိပ်စက်နေကြ၏။
သူက အိမ်နှင့် မနီးမဝေးမှ ဆေးခန်းဆီ သွားလိုက်ပြီး သွေးတိတ်ဆေးတချို့နှင့် ပိတ်ကျဲတချို့ကို သွားယူချင်မိသည်။
ဝါဂွမ်းစပင် မကျန်ခဲ့သည့် ဗလာကျင်းနေသော ဆေးစင်မြင့်ကို ကြည့်လိုက်ရင်း ဝမ်ချင်းလင်က ပြောချင်သည့် စကားပေါင်းများစွာ ရှိလာသည်။
တိုက်ပွဲက သေးသေးမွားမွား မဟုတ်ဘဲ တောင်ပိုင်းမြို့ရှိ ဇွန်ဘီအားလုံးကို ဂနာမငြိမ် ဖြစ်လာစေသည်။ ဝမ်ချင်းလင်က သူ မည်သို့အာရုံခံနိုင်နေမှန်း မသိသော်လည်း ဤခံစားချက်က အတော်လေး ထူးဆန်းလှသည်။ သူက တောင်ပိုင်းမြို့ ဇွန်ဘီများကို ထိန်းချုပ်နိုင်သလိုမျိုး ခံစားနေရလေသည်။
သူက ထိုအတွေးဖြင့် ဇွန်ဘီများကို အမှန်တကယ် ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ချင်လာမိသည်။ သူက စိတ်စွမ်းအားကို အသက်သွင်းကာ လော့ဖုန်းကြွယ်နားရှိ ဇွန်ဘီများအား သူ့ကို မထိခိုက်စေရန် အမိန့်ပေးလိုက်သည်။
ဆာလောင်နေသည့် ဇွန်ဘီများက အလိုမရှိကြသော်လည်း ထိုအမိန့်ကို နာခံရုံမှအပ ရွေးချယ်စရာ မရှိသောကြောင့် လော့ဖုန်းကြွယ်ထံ မရပ်မနား အော်ဟစ်နေကြသည်။
ESTÁS LEYENDO
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Accióneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်