အခန်း (23)

6K 1.1K 43
                                    

အခန်း (၂၃)

ဝမ်ချင်းလင်က ဒဏ်ရာကို သေချာဖွင့်လိုက်ပြီး သွေးအနီမိုနီလေးကို ထိုနေရာတွင်ထားလိုက်သည့်အခါ သူ့လက်တံများက အနံ့ခံပြီး ရွေ့လျားသွားကာ မဲနက်နေသော ဒဏ်ရာများထဲသို့ ထိုးသွင်းလိုက်ပြီး အဆိပ်ရှိသောသွေးကို စတင် ဖယ်ရှားလိုက်သည်။

ဝမ်ချင်းလင်၏ လက်ထိပ်များမှ အစိမ်းရောင် အလင်းတန်း ထွက်လာကာ ကျန်ရှိနေသော ဒဏ်ရာများ ချက်ချင်း သက်သာလာသည်။

ဝမ်ချင်းလင်က ပြောလိုက်သည်
“ ရပြီ နောက်တစ်ယောက်”

တစ်စုံတစ်ယောက်က ကူညီပေးနေပြီး ဝမ်ချင်းလင်က ဆက်လက် ကုသနေသည်။

ရှောင်ဟန်နှင့် ကျိရုန်က ဘေးမှာ ရပ်ကြည့်နေပြီး သူတို့ကြည့်လေလေ ပိုပြီးတော့ မှော်ဆန်သည်ကို ခံစားရလေလေ ဖြစ်နေသည်။

ကျန်းလန်က အမြုတေကို လက်ခံနေပြီး သူမ ဘယ်လောက် ပျော်လဲဆိုတာကို ပြောမပြတတ်တော့ပေ။

“ နောက်တစ်ယောက် အဆိပ်ထုတ် ၁၀၀၊ ကုသတာ ၁၀၀”

ကျန်းလန်က ခေါင်းမော့ကြည့်လိုက်သည်။

ထို့နောက်  ကျန်းလန်က ရှုရှန်ဖေး၏ လည်ပင်းကို ဆွဲလိုက်သည့်အခါ ရှုရှန်ဖေး ကြောင်အသွားသည်။ ထို့နောက် ဒေါသထွက်နေသော ကျန်းလန်၏ မြေပြင်ပေါ် လှဲချခြင်းကို ခံလိုက်ရသည်။

အမေရှုက ကျန်းလန်ကို ဆွဲဖို့ သွားလိုက်သော်လည်း ကျန်းလန်၏ ရိုက်နှက်ခြင်းကို ခံရပြီး လွင့်ထွက်သွားသည်။

ကျန်းလန်က အရမ်းဒေါသထွက်နေသည့်အတွက် ရှုရှန်ဖေးကို မြေပြင်ပေါ်မှာ ဖိထားကာ ရိုက်နှက်ရင်း ပြောလိုက်သည်

“ မင်းက မျက်လုံးဖြူ ဝံပုလွေပဲ။ မင်းကို လိုက်မရှာပေမဲ့ တံခါးဝတည့်တည့်ကို ရောက်လာတာပဲနော်။ မင်းနဲ့ ချင်းလင်က ဝမ်းကွဲတွေ ဖြစ်တာတောင် ငါတို့အပေါ် ဘယ်လိုလုပ်ခဲ့လဲ။
နင် ငါတို့ကို ဘယ်လိုပြန်ပြီးတော့ ပေးဆပ်ခဲ့လဲ”

အဖေရှုက ဗလကြီးသူတစ်ယောက် ဖြစ်သည့်အတွက် ဝင်ဆွဲချင်သော်လည်း ကျန်းလန်ကို မနိုင်ပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Donde viven las historias. Descúbrelo ahora