အခန်း (၁၁၁)
နယ်မြေ(၃)ရှိ စစ်တပ်က အဖြူရောင် မကောင်းဆိုးဝါးကြောင့် နောက်ဆုတ်လာရပြီး ရှေ့တန်းက သေဆုံးမှုလည်း ဖြည်းဖြည်းချင်း ပိုများလာသည်။ သူတို့က အဆိပ်ရည်၏ ကန့်သတ်ချက် အကွာအဝေးကို သူတို့ သိချင်ခဲ့သော်လည်း မစမ်းသပ်ခဲ့ဖူးသောကြောင့် လူအချို့သာ သေသွားသည်။
ဗိုလ်ချုပ်ရှောင်က မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်သည်
" စွမ်းအင် အမြောက်ကို အသုံးပြုကြ"
စွမ်းအင်အမြောက်များအားလုံး၏ ပြောင်းဝကို အဖြူရောင် မကောင်းဆိုးဝါးဆီသို့ ချိန်ရွယ်ပစ်ခတ်လိုက်ကြသည်။
စွမ်းအင်အမြောက်က အရမ်းအားပြင်းသည်။ အသားတုံး တောင်ကြီးကဲ့သို့ ကြီးမားသော အဖြူရောင် မကောင်းဆိုးဝါးကြီးက စူးရှစွာအော်ဟစ်ရင်း ခန္ဓာကိုယ်မှ အဆိပ်ရည်များ စိမ့်ကျနေသည်။ သူ့ကို အဆိပ်ရည်များဖြင့် ဖွဲ့စည်းထားပုံရသည်။
အလုပ်ဖြစ်သွားသည့်အတွက် အားလုံးက ပျော်ရွှင်နေကြသည်။
အကျိုးသက်ရောက်မှုရှိသ၍ ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူသွားပြီဖြစ်သည်။ ထိုမကောင်းဆိုးဝါးက မောပန်းရုံသာ ဖြစ်သွားပြီး သတ်လို့မရမည်ကို စိုးရိမ်မိသည်။
တောင်အစစ်တစ်လုံးကိုတောင် ဖြိုချနိုင်သည့် စွမ်းအင်အမြောက်ဆိုတော့ မကောင်းဆိုးဝါးလောက်တော့ ထည့်ပြောစရာ မလိုတော့ဘူးမလား
အဖြူရောင် မကောင်းဆိုးဝါးကြီး မြေပြင်ပေါ်သို့ လဲကျသွားသည့်အခါ စွမ်းအင်အမြောက်က အပစ်အခတ် ရပ်စဲလိုက်သည်။ အချိန်ခဏတာ စောင့်ပြီးနောက် အဖြူရောင် မကောင်းဆိုးဝါး လှုပ်ရှားမှု မရှိတော့ပေ။
စစ်တပ်၏ စွမ်းအား အသုံးပြုသူများကို စေလွှတ်ခံလိုက်ရသည်။ သူတို့က အဖြူရောင် မကောင်းဆိုးဝါးအနားသို့ ဘေးနှစ်ဖက်မှ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ သူတို့ အနားရောက်ခါနီးတွင် ကျောဘက်မှ ကြောက်စရာကောင်းသည့် အရာတစ်ခုကို ခံစားလိုက်ရသည့်အတွက် ကြက်သီးမွေးညင်းများပင် ထသွားမိသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်