အခန်း (37)

5.2K 985 78
                                    


အခန်း (၃၇)

ဝမ်ချင်းလင်က သူ့သွေးအလောင်းကောင်သည် အမှန်တကယ် ဆိုးကြောင်း ခံစားနေရသည်။ သူတို့ကြားက ဆက်ဆံရေး မပြေလည်သေးသော်လည်း ဗိုလ်ချုပ်နှင့်ပါ ပဋိပက္ခဖြစ်လာရသည်။

သို့သော် သူ တွေးမိနေစဉ် သွေးအလောင်းကောင်နှင့် အမွှာညီအစ်မနှစ်ယောက်တို့က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေသည်။

ဝမ်ချင်းလင် " ... "

ဘာလုပ်နေတာလဲ ... ဗိုလ်ချုပ်က ငါ့ကို ရှင်းပစ်ဖို့ လွှတ်လိုက်တာလား

ညီအစ်မဖြစ်သူက ပြောလိုက်သည် " ဒီမှာပြောလို့မကောင်းဘူး။ တခြားနေရာသွားရအောင် "

ဝမ်ချင်းလင်က နားလည်သွားလေသည်။ ယခု လင်းချန်တစ်မြို့လုံး ဗိုလ်ချုပ်၏ စောင့်ကြည့်မှုအောက် ရောက်နေလေရာ သူတို့ပြောသမျှ အကုန်သိသွားပေမည်။ အကယ်၍ အကြည့်များကို ရှောင်ပြီး ဗိုလ်ချုပ်နားထဲ ပြန်မရောက်စေရန်အလို့ဌာ မိုင်တစ်ရာအပြင်သို့ သွားရမည်။

ဝမ်ချင်းလင်က ဇွန်ဘီသုံးယောက်နှင့်အတူတူ လင်းချန်မြို့အပြင်သို့ ကားမောင်းသွားလိုက်သည်။

ဗိုလ်ချုပ်၏ ထိန်းချုပ်မှု စက်ဝန်းအောက်မှ လွတ်မြောက်လာပြီးနောက် ဝမ်ချင်းလင်က ကားကို ရပ်ကာ အသက်ပြင်းပြင်းရှုလိုက်သည်။ ကားထဲမှာဆက်နေလျှင် အနံ့ကြောင့် သေသွားနိုင်သည်။

ညီအစ်မနှစ်ယောက်ကလည်း သွေးအလောင်းကောင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

သွေးအလောင်းကောင် " ... "

ငါက ရုပ်ဆိုးတယ် ... နံ့စော်တယ် ... ငါ့အမှားပါပဲ

ဝမ်ချင်းလင်က ကြင်ကြင်နာနာ အကြံပြုလိုက်သည် " မင်း ကောင်းကောင်းမွန်မွန်ဖြစ်လာအောင် ဇွန်ဘီကောင်း လုပ်သင့်တယ် "

သွေးအလောင်းကောင်က နားမခံသာ အသံဖြင့် ပြန်ပြောလိုက်၏ " တကယ်လို့ ငါ ဇွန်ဘီကောင်းလုပ်ရင် တစ်သက်လုံး မင်းအောက်မှာ ပြားပြားဝပ်သွားရမှာလေ "

ဝမ်ချင်းလင်က မြန်မြန်ရှင်းပြလိုက်သည် " လျှောက်ပြောမနေနဲ့။ ငါက မင်းကို စိတ်မဝင်စားဘူး။ ရုပ်ဆိုးလွန်းတယ် "

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now