အခန်း(၁၂၄)

2.4K 393 12
                                    


အခန်း (၁၂၄)

ယခု အလယ်ပိုင်း ဧရာမမြို့တော်ကို သစ်သားတံတိုင်းအမြင့်များဖြင့် ခုနှစ်ပိုင်း ခွဲထားလေသည်။ ဒုတိယအကြီးမားဆုံး နေရာကို တံတိုင်းအမြင့်လေးခုဖြင့် ကာရံထားလိုက်၏။ မြို့ဂိတ်ပေါက်တစ်ခုမှလွဲ၍ အခြားနေရာများကို ဖြတ်မသွားနိုင်တော့ပေ။ ဤသည်မှာ မြို့ဂိတ်ပေါက်ရှိခြင်း၏ အရေးသာချက် ဖြစ်ပြီး နယ်မြေ(၅)၊ နယ်မြေ(၅) နှင့် နယ်မြေ(၇)များလို မြို့ဂိတ်ပေါက်မရှိသည့် နယ်မြေများအတွက် ဘယ်မှထွက်မသွားနိုင်တော့ဘဲ ပိတ်မိသွားလေပြီ။

နယ်မြေ(၄)၌ မြို့ဂိတ်ပေါက်ရှိနေလျှင်ပင် သူတို့က မထွက်လာနိုင်ပေ။ အကြောင်းမှာ မြို့ဂိတ်ပေါက်ကိုလည်း ဝမ်ချင်းလင်က ပိတ်ဆို့ထားပြီးပြီ ဖြစ်၍ ဘာမှအကြောင်းမထူးပေ။

အခြေအနေကို စောင့်ကြည့်နေကြသည့် နယ်မြေအသီးသီး၏ အဆင့်မြင့် အရာရှိများက ထိုင်မနေနိုင်တော့ပေ။ ရဟတ်ယာဉ်များ တစ်စီးပြီ တစ်စီးမောင်းနှင်ကာ ဒီအဖြစ်အပျက်၏ နောက်ကွယ်မှ တရားခံကို စတင်လိုက်ရှာကြ၏။

..............

မိုချန်းရွှမ်နှင့်အတူ ထွက်လာသည့် စစ်သားများကလည်း သူ့အား လိုက်ရှာနေကြသည်။ သူ့အား ဒီအခြေအနေ ပိတ်ဆို့ခံထားရသည်နှင့် ပတ်သတ်၍ ဖြေရှင်းနည်းကို မေးလိုကြသည်။

မဟုတ်သေးဘူး ... ကာဆီးခံထားရတာ .. သူတို့က နယ်မြေ(၄)နှင့် ယှဉ်လိုက်လျှင် ကောင်းကင်ယံက လကို မြင်ရသေးသည် မဟုတ်ပါလော။

မိုချန်းရွှမ်က ဒီကိစ္စသည် ကြီးမားလွန်းသွားမှန်းသိ၍ ဝမ်ချင်းလင်နှင့် ရှောင်ဟန်တို့အား သူနှင့်အတူ နယ်မြေ(၂) စစ်ဌာနချုပ်ဆီ လိုက်လာဖို့ ဖိတ်ကြားလိုသည်။

ဒီလိုသာဆက်ဖြစ်နေပါက ထိုင်နေရုံလောက် ရိုးရှင်းမည် မဟုတ်ချေ။

ဝမ်ချင်းလင်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ရဟတ်ယာဉ်များ ရစ်ဝဲနေသည်ကို မြင်လိုက်ရသည့်အခါ သူတို့ကြောက်လန့်နေကြောင်း သိလိုက်သည်။

ဝမ်ချင်းလင်က စွမ်းအင်အမြောက်အများ သုံးစွဲထား၍ သူ့ကိုယ်သူ အားပြန်ဖြည့်ဖို့ အချိန်လိုအပ်နေသောကြောင့် ယခု လျှောက်သွားမနေနိုင်ပေ။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now