အခန်း(၁၂၂)

2.4K 362 5
                                    


အခန်း (၁၂၂)

ရှောင်ဟန်က အပျက်အစီးပုံကြားမှ ထွက်လာသည့်အခါ လမ်းမတစ်ခုလုံး ငြိမ်သက်နေပြီး အသက်ရှင်ကျန်သူ မဆိုထားနှင့် အလောင်းပင် မရှိကြပေ။ ထိုအရာကို တွေးမိလိုက်ပြီးနောက် သူက ထိုပိုလာဝက်ဝံကြီးကို လန့်မိလာသည်။

ပိုလာဝက်ဝံအနားတွင် လူတစ်ယောက် ရပ်နေသည်။ ထိုအမျိုးသားက အရပ်ရှည်ရှည် တောင့်တောင့်တင်းတင်း ဖြစ်ပြီး နှာတံမြင့်မြင့်နှင့် မျက်တွင်းနက်နက်တို့ ပိုင်ဆိုင်ထားသည်။ တန်းကြည့်လိုက်ရုံဖြင့် သူက တရုတ်လူမျိုး မဟုတ်မှန်း သိသာလှသည်။

ထိုအမျိုးသားက ရှောင်ဟန်၏ ပုံစံကို မြင်လိုက်ရသည့်အခါ စိတ်ကျေနပ်သွားပုံရသည်။ သူက အင်္ဂလိပ်လို ချောမွတ်စွာ ပြောလိုက်သည် " မင်းက နယ်မြေ(၃)က ရှောင်ဟန်လား "

ရှောင်ဟန်က အသက်ပြင်းပြင်းရှုလိုက်သည်။ တကယ်တော့ သူက ဒဏ်ရာမပြင်းထန်ပေ။ စွမ်းရည်ပိုင်ရှင်တစ်ယောက်အတွက် အရိုးကျိုးသည်က စာမဖွဲ့လောက်ပေ။

ရှောင်ဟန်က ဓားရှည်ကို ယမ်းကာ တရုတ်ဘာသာစကားဖြင့် ပြန်ပြောလိုက်သည် "ငါပဲ ... မင်းက ဘယ်သူလဲ "

ရှောင်ဟန်က အလယ်ပိုင်းဧရာမမြို့တော်၌ ဒီလိုလူမျိုးရှိမှန်း မသိထားပေ။ ထိုလူ၏ ပုံစံသွင်ပြင်နှင့် အမူအရာကို ကြည့်ပါက သာမန်လူ မဖြစ်နိုင်ပေ။

အလယ်ပိုင်း ဧရာမမြို့တော်က စွမ်းအားကြီးသည့် နိုင်ငံခြားသားတစ်ယောက်အား လွှတ်ပေးထားသည်မှာ မြို့တော်က သေဆုံးဖို့ မလုံလောက်သေးဘူးများ ထင်နေလို့လား။

ထိုအမျိုးသားက ပြောလိုက်သည် "စီးဒရစ် "

စီးဒရစ်က ဘာသာပြန်သူ မလိုပေ။ သူက ရှောင်ဟန်ပြောတာကို နားလည်၏။ ကံကောင်းစွာဖြင့် ရှောင်ဟန်လည်း နားလည်လေသည်။ သို့သော် သူတို့က ဘာသာစကားအတူတူ ပြောနေခြင်း မဟုတ်ပေ။

ရှောင်ဟန် " မသိဘူး "

စီးဒရစ် "သိဖို့ မလိုဘူး။ ဒီညပြီးရင် ဒီမြို့တော်မှာ ရှောင်ဟန်ဆိုတာ မရှိတော့ဘူး"

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now