အခန်း (24)

6K 1.1K 35
                                    

အခန်း (၂၄)

“ ဝမ်ချင်းလင် လာကြည့်ဦး” ရှောင်ဟန်က ပြောလိုက်သည်။

ဝမ်ချင်းလင်က လှည့်ကြည့်လိုက်သည့်အခါ သူ၏ သွေးအနီမိုနီ ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။

ဝမ်ချင်းလင်က မေးလိုက်သည်
“ မင်း ငါ့ရဲ့ သွေးအနီမိုနီကို ဘာလုပ်လိုက်လဲ”

ရှောင်ဟန် “…”

ဘယ်လောက်တောင် မတရားလိုက်သလဲ။ သူ လုံးဝ ထိတောင် မထိရသေးဘူးလေ

“အမြစ်” တစ်ခုထွက်ပေါ်လာပြီး “ ပင်စည်”တစ်ခု ဖြစ်တည်လာကာ အဆိပ်သွေးကို ဆက်တိုက်စုပ်ယူမှုကြောင့် ဖြည်းဖြည်းချင်း ကြီးထွားလာကာ ပင်စည်တွင်လည်း အနက်ရောင် အစင်းကြောင်းများဖြင့် ပြည့်နှက်သွားသည်။

ကျန်းလန်နှင့် ဝမ်ကျန်းတို့လည်း လိုက်သွားကာ သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြသည်။
ကျန်းလန်က ပြောလိုက်သည်

“ အဲဒါက ဝက်တစ်ကောင် ဖြစ်လာတော့မှာလား”

ဝမ်ကျန်းက အံ့ဩစွာဖြင့် ပြောလိုက်သည်
“ ဘာလို့ ဝက်တစ်ကောင်လဲ”

ကျန်းလန်က ပိုပြီးကြီးလာသည့် ပင်စည်အသစ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်

“ ဒါက ခန္ဓာကိုယ်လေ။ ဒီမှာက ပါးစပ်။ ပြီးတော့ အောက်ဖက်မှာ ဝိုင်းတဲ့ပုံစံနဲ့ ခြေထောက်ဆိုတော့ သေချာပေါက် ဝက်တစ်ကောင်ပဲ ဖြစ်လိမ့်မယ်”

ဝမ်ကျန်းက ပြောလိုက်သည်
“ အဲဒါက ဝက်မဟုတ်ဘူး။ အမြီးမှ မရှိတာ”

ကျန်းလန်က ပြောလိုက်သည်
“ ဒါက ဝက်ပဲ ဖြစ်ရမယ်”

ဝမ်ချင်းလင်က အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်
“ ဘာဝက်မှ မရှိဘူး။ ကျွန်တော် ဝက် မကြိုက်ဘူး”

ကျန်းလန်က ပြန်လည်ခုခံပြောဆိုလိုက်သည်
“ ဝက်ပေါက်လေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်”

ဝမ်ချင်းလင်က ပြောလိုက်သည်
“ ချစ်ဖို့ မကောင်းပါဘူး”

ကျန်းလန်က စိတ်တိုစွာဖြင့် ပြောလိုက်သည်
“ ဒါဆိုရင် မင်းက ဘာကို ကြိုက်တာလဲ”

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now