အခန်း (၁၃)

6.6K 1.2K 22
                                    

အခန်း (၁၃) : လူတစ်ယောက်ကို ကယ်ဆယ်ခြင်း
တောင်ပိုင်းမြို့ - နန်းချန် (ပြောင်းသုံးမယ်နော်)
လင်းချန် (လင်းမြို့) - ဇွန်ဘီမြို့

ညကား ကြမ်းတမ်းလှသည်။

နန်းချန်ရှိ ဇွန်ဘီများက သောင်းကြမ်းနေလေသည်။ သူတို့လွတ်သွားသည့် အဖြစ်အပျက်ကြီးတစ်ခု ရှိနေသည့်အလား ဖြစ်၏။ သူတို့ခန္ဓာကိုယ်များက အနည်းငယ် မပြည့်မစုံ ဖြစ်နေကြသည်။

ဝမ်ချင်းလင်က မပြောပြတတ်သည့် ခံစားချက်တစ်မျိုးကို ခံစားမိလိုက်သည်။

ညဉ့်နက်ပိုင်း၌ ဝမ်ချင်းလင်က ဧကရီ သွေးအနီမိုနီကို သန္ဓေပြောင်း တိရစ္ဆာန်သွေးများ အပြည့်ထည့်ထားသည့် ကန်ထဲရွေ့ခဲ့သည်။ ထို့နောက် သူ့စွမ်းအားကို ထပ်ကာထပ်ကာ ထည့်သွင်းပြီး သူတို့အရွယ်ရောက်နှုန်းကို မြင့်တင်ပေးကာ မျိုးစေ့များ ရလာအောင် လုပ်ခဲ့သည်။

မနက်ခင်း ကျန်းလန် နိုးလာသည့်အခါ သူမကို ဦးဆုံးနှုတ်ဆက်နေသည်ကား ခြင်းအပြည့် အနက်ရောင်မျိုးစေ့များ ဖြစ်၏။ သူမက ဧကရီ သွေးအနီမိုနီနှစ်ပင်ကို သေချာသွားစစ်ဆေးကြည့်လိုက်သည်။ သူတို့က တစ်ညလုံး မျိုးစေ့ထုတ်ပေးထားရသော်လည်း တက်ကြွနေဆဲ ဖြစ်သည်။

ကျန်းလန်က သူတို့ဗိုက်လုံးလုံးလေးကို ထိကာ ပြောလိုက်သည် “မင်းတို့နှစ်ယောက်လည်း တစ်ညတည်းနဲ့ ကလေးတွေအများကြီး မွေးရတာ ခက်ခဲခဲ့မှာပဲ။ ငါ့သားလေးကြောင့် ခြောက်ကပ်သွားပြီလား ”

ဝမ်ချင်းလင် “ … ”

ကျန်းလန်က သူ့သားကို စတင်ဆူပူလိုက်သည်။

“ တစ်ညလုံး မအိပ်ဘဲ ဘာလုပ်နေတာတုန်း။ ဧကရီသွေးအနီမိုနီကို မတော်တဆ သတ်မိသွားရင် ဘယ်လိုလုပ်မလဲ”

ဝမ်ချင်းလင် “အမေရော အိပ်ပျော်လို့လား ”

ဇွန်ဘီများက မအိပ်ကြပေ။ သူတို့က အနားယူရုံမျှ ဖြစ်ပြီး အနားယူဖို့ အကောင်းဆုံးအချိန်မှာ နေ့လယ်ဘက် ဖြစ်သည်။

သို့သော် လူသားများနှင့် ပိုတူစေဖို့ရာ ဝမ်ချင်းလင်၏ မိဘများက သူတို့ဗီဇကို ပြောင်းပြန်လုပ်ကာ ညအခါတွင် အိပ်ပြီး နေ့အခါ၌ လှုပ်ရှားသွားလာကြသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Tempat cerita menjadi hidup. Temukan sekarang