အခန်း(၉၆)

3.3K 538 5
                                    


အခန်း (၉၆)

ဝမ်ချန်မြို့အတွင်း ကိစ္စအားလုံးကို ရှောင်ဟန်က ကိုင်တွယ်ထားသောကြောင့် ဝမ်ချင်းလင်က ထုတ်မေးလိုက်သည့်အခါ ရှောင်ဟန်က အဖြစ်အပျက်အားလုံးကို ပြန်လည် ပြောပြလိုက်သည်။

ပြည်နယ်သုံးခုက ဇွန်ဘီများက ဝမ်ချန်အစွန်းအဖျားတွင် စုဝေးနေကြပြီး လယ်ယာသုံး စက်ပစ္စည်းများနှင့် ဒီဇယ်ကိုလည်း ပြန်ယူလာနိုင်ခဲ့လေပြီ။ စခန်းမှ လယ်ယာစိုက်ပျိုးရေးအကြောင်း နားလည်ထားသည့် လူများကို ခေါ်ကာ စိုက်ပျိုးသော်လည်း သူတို့တွင် သစ်သားစွမ်းရည် မရှိသောကြောင့် မျိုးစေ့များ ကြီးထွားနှုန်းက နှေးကွေးလေသည်။

ဖန်ရှန်းလုံနှင့် မြောင်ပိုတို့က ရှုရှန့်စခန်းဆီ ဝင်ရောက်လိုက်ပြီးနောက် အဖွဲ့ခွဲများကြားမှ ဆက်ဆံရေးကို သိသွားကာ ရန်စကြပြီး ဆွယ်ကြတော့သည်။ ထို့နောက် အားနည်းသူများကို ကူညီပေးကြ၏။ လွန်ခဲ့သော ရက်ပိုင်းက သူတို့သည် ဖန်ရှန်းလုံနှင့် မြောင်ပိုတို့ကို ရှင်းထုတ်ချင်ကြသော်လည်း ရှုရှန့်စခန်း၏ ခေါင်းဆောင် အပြင်ထွက်သွားစဉ် အလောင်းသားရဲတိုက်ခိုက်မှုနှင့် ကြုံရပြီး သေဆုံးသွားခဲ့သည်။ ဒုခေါင်းဆောင်က သူ့အခွင့်အရေး ရောက်လာပြီဟု တွေးလိုက်သော်လည်း ရလဒ်အနေနှင့် ဖန်ရှန်းလုံကသာ ပိုအာဏာကြီးလာကာ ရှုရှန့်စခန်း၏ ခေါင်းဆောင် အသစ် ဖြစ်သွားခဲ့သည်။

သူ့အောင်မြင်မှု အဓိကအကြောင်းအရင်းမှာ ဖန်ရှန်းလုံက စိုက်ပျိုးရေးကို ဖွံ့ဖြိုးအောင် အဆိုပြုပြီး ရိက္ခာ ဖူလုံလာသည့်အတွက် စခန်းရှိ အားလုံးက စားဖို့သောက်ဖို့ မပူရတော့ပေ။ သူက ဝမ်ချန်စခန်းနှင့် ဆက်သွယ်ထားသောကြောင့် ဖြေဆေးနှင့် ကာကွယ်ဆေးများကိုလည်း ဝယ်ယူနိုင်လေသည်။ ဤသို့ဖြင့် စခန်းရှိ လူများက ဆက်လက် ခံစားနေစရာ မလိုတော့ပေ။ အသက်ရှင်သူအားလုံးက သူ့ကို တစ်ညီတစ်ညွှတ်တည်း ထောက်ခံလာကြ၏။

ကြေညာချက်အရ ဖြေဆေးနှင့် ကာကွယ်ဆေးအကြောင်းက ပျံ့နှံ့သွားလေပြီ။ အခြားနေရာမှ အသက်ရှင်ကျန်သူများကလည်း တစ်ယောက်ပြီး တစ်ယောက် လာရောက်စုံစမ်းကြ၏။ နဂိုရည်ရွယ်ချက်က ဝမ်ချန်မြို့ ဖြစ်ပေသည်။ စခန်းမှ အသက်ရှင်ကျန်သူများသည် ဝမ်ချန်စခန်းတွင် အပြင်လူများ လက်မခံသည်ကို သိထားကြသောကြောင့် ရှန်းရှန့်စခန်းနှင့် ရှုရှန့်စခန်းတို့၌သာ ဝင်ရောက်ကြရသည်။ ထိုအခြေစိုက်စခန်းနှစ်ခုက ဝမ်ချန်နှင့် ဆက်နွယ်မှုရှိသည့်အပြင် မြို့အရှင်ကိုယ်တိုင် ကာကွယ်ပေးထားခြင်း ဖြစ်၏။ ထို့ကြောင့် အသက်ရှင်ကျန်သူများက ဝင်ရောက်လိုကြသည်။

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now