အခန်း(၆၀)

4.6K 872 19
                                    


အခန်း (၆၀)

ဝမ်ချန်အခြေစိုက်စခန်းက နည်းနည်း တုန်လှုပ်သွားသည်။ အဆင့်၈ သန္ဓေပြောင်း ခန္ဓာ ဗိုလ်ချုပ် ထွက်သွားကတည်းက အဆင့်မြင့်ဇွန်ဘီများ၏ ဖိအားကို မခံစားရတာ ကြာပြီဖြစ်သည်။ ရုတ်တရက်ကြီး ဖိအား ဘာလို့ ခံစားရမှန်း မသိတော့ပေ။

ကျိရုန်နှင့် ရှစ်ချုံးတို့က ကြက်သီးမွေးညင်းများပင် ထလာကြပြီး မရင်းနှီးသော ဇွန်ဘီအသံများကြောင့် ဖိအား ခံစားလာရသည်။

ရှောင်ဟန်က ဝမ်ချင်းလင်ကို ချဉ်းကပ်သွားကာ လည်ပင်းအနား ကပ်လိုက်ပြီး ပြောလိုက်သည်

" မင်းက အရမ်းမွှေးတာပဲ။ မင်းမှာ ဇွန်ဘီတွေလိုမျိုး အနံ့မရှိဘူး။ လူသားအနံ့လည်း မရဘူး။ မင်းက ဘာလဲ"

ဝမ်ချင်းလင်မှလွဲပြီး ဝမ်ချန်အခြေစိုက်စခန်း တစ်ခုလုံးမှ လူများက ဇွန်ဘီအပုပ်နံ့မရှိဘဲ သစ်ပင်၊ မြက်များ၏ အနံ့ကို ရနေပြီး ချင်းလင်ဆီမှရသော အနံ့က ပိုမိုအားကောင်းသည်။

ဝမ်ချင်းလင်သာ သူ့ကို ကူးစက်အောင် မလုပ်နိုင်ခဲ့ပါက ဝမ်ချင်းလင်က ဇွန်ဘီ ဟုတ်၊ မဟုတ်ဆိုတာကို သံသယဝင်နေဦးမည်ဖြစ်သည်။

ဝမ်ချင်းလင်က သွေးအနီမိုနီမှ ပေစွန်းနေသော အသားစိမ်း စားထားသကဲ့သို့ ဖြစ်နေသော သူ့ပါးစပ်ကို ကြည့်ကာ ရွံရှာစွာဖြင့် တွန်းထုတ်ကာ ပြောလိုက်သည်

" ငါတို့လို ဇွန်ဘီယဉ်တွေက ကောင်းကောင်းမွန်မွန် နေရမယ်။ ပုံပန်းသွင်ပြင် သန့်ရှင်းနေဖို့က အခြေခံပဲ။ သွားဆေးကြောပြီးတော့ အဝတ်အစားပါ လဲလိုက်"

ရှောင်ဟန်က မတ်တပ်ရပ်ကာ ပြောလိုက်သည်

" ကျိရုန်နဲ့ ရှစ်ချုံးကို ဒီအတိုင်းထားလိုက်ဖို့က တကယ်ပဲ မဖြစ်နိုင်ဘူးလား"

ဝမ်ချင်းလင်က ပြောလိုက်သည်

" ငါက လူတွေကို မယုံဘူး"

ရှောင်ဟန်က ပြောလိုက်သည်

" ငါက လူတစ်ယောက် မဟုတ်တော့ဘူးဆိုတော့ မင်းငါ့ကိုတော့ ယုံတယ်မလား"

ဝမ်ချင်းလင်က စားပွဲပေါ်မှ ပိတ်စကို ယူကာ ရှောင်ဟန်၏ သွေးပေနေသော မျက်နှာကို သုတ်ရင်း ပြောလိုက်သည်

ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed Where stories live. Discover now