အခန်း (၈၇)
ရှောင်ဟန်က ဤအခြေစိုက်စခန်းကို သတ်ဖြတ်ပြီး ရယူရလောက်အောင်ထိ မတုံးအပေ။ သူတို့၏ ခွန်အားများက လုံလောက်သော်လည်း ချင်းလင်က အခြေစိုက်စခန်းရှိ လူများကိုပါ လိုချင်ပြီး အခြေစိုက်စခန်းထဲမှ လူသေများကို လိုချင်သည် မဟုတ်ပေ။
ရှောင်ဟန်က ဇွန်ဘီအော်သံကို ထုတ်လွှတ်ကာ ယွဲ့ရှန့်ပြည်နယ်ရှိ ဇွန်ဘီများကို ယွဲ့ရှန့်အခြေစိုက်စခန်းတွင် စုစည်းရန် ဆင့်ခေါ်လိုက်သည်။
ယခုက ဇွန်ဘီများကို ထိန်းချုပ်ဖို့အတွက် ဗိုလ်ချုပ်၏ စွမ်းရည်ကို ပထမဆုံး အသုံးပြုခြင်း ဖြစ်သည်။ ထောင်ပေါင်းများစွာသော ဇွန်ဘီများကို အလွယ်တကူ ထိန်းချုပ်နိုင်ခြင်းက လူတစ်ယောက်ကို မသိစိတ်မှ ပိုမိုအားကောင်းသော စွမ်းအားကို လိုချင်စိတ် ဖြစ်ပေါ်စေသည်။ ထိုအရာက အဆင့်၈ သန္ဓေပြောင်းခန္ဓာမှာ တည်ရှိသော ဆန္ဒဖြစ်ပြီး ရှောင်ဟန် သေချာ ခံစားလို့ရနိုင်သည်။
ယွဲ့ရှန့်ပြည်နယ်က ပြည်နယ်သုံးခုလုံးတွင် လူဦးရေ အထူထပ်ဆုံးဖြစ်သည့်အတွက် ဇွန်ဘီများလည်း အများဆုံးရှိသည့် ပြည်နယ် ဖြစ်သည်။ ဇွန်ဘီ တစ်ဝက်အရေအတွက်က ၂သိန်းမှ ၃သိန်းအထိ ရှိနိုင်သည်။ ထိုအရာက သေးငယ်သော အလောင်းကောင် ဒီရေလှိုင်းကဲ့သို့ ဖြစ်နေသည်။ ထိုအရာကို လူက ထိန်းချုပ်ပြီး အခြေစိုက်စခန်းတစ်ခုလုံးကို ဝန်းရံထားသည်။ ဘယ်သူ့ကိုမှ လွတ်မြောက်ဖို့ အခွင့်အရေး မပေးပေ။
ရှစ်ချုံးက ရိုးရှင်းပြီး ခက်ထန်သည့်သူ တစ်ယောက် ဖြစ်သည့်အတွက် မြေဓာတ်စွမ်းရည်ကို အသက်သွင်းကာ အခြေစိုက်စခန်းတံတိုင်းကို ဖြိုချပြီးနောက် ဇွန်ဘီတွေကို အထဲသို့ မောင်းသွင်းလိုက်သည်။
ယွဲ့ရှန့်အခြေစိုက်စခန်း၏ ရှင်သန်သူများက အေးချမ်းစွာ နေခဲ့ရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည့်အတွက် ဇွန်ဘီတွေ ရုတ်တရက် ဝင်ရောက်လာမဲ့နေ့ ရောက်လာမယ်လို့ ဘယ်သူက တွေးထားမှာလဲ
အခြေစိုက်စခန်းတစ်ခုလုံးက ဆူပွက်နေသော အိုးတစ်ခုသဖွယ်အဖြစ် ပြောင်းလဲသွားကာ ထွက်ပြေး အော်ဟစ်နေသူများက နေရာတိုင်းတွင်ရှိနေသည်။
YOU ARE READING
ကမ္ဘာ့ပျက်ကပ်ကြားက ဆေးခန်းလေး [MM Translation] Completed
Actioneng title - I Opened a Clinic in the Apocalypse main char - ဝမ်ချင်းလင် ဇာတ်အိမ်က ကမ္ဘာ့ပျက်ကပ် zombie တွေကြား တည်ထားပြီးတော့ ၁၄၅ ပိုင်း နဲ့ ဇာတ်သိမ်းထားပါတယ်